img.emoticon { padding: 0; margin: 0; border: 0; }

မြောက်ကိုရီးယားမှ တိုက်ခိုက်လျှင် လေကြောင်း တိုက်ခိုက်မှုဖြင့် တုန့်ပြန်မည်။

တောင်ကိုရီးယား၏ ကာကွယ်ရေး ဝန်ကြီးအသစ်အဖြစ် ရွေးချယ်ခံထားရသော
ဗိုလ်ချုပ်ကြီးဟောင်း ကင်ကွမ်းဂျင်း (Kim Kwan-jin) က ပြောကြားသည်မှာ
မြောက်ကိုရီးယားမှ နောက်တစ်ကြိမ်တိုက်ခိုက်ပါက လေကြောင်းမှ တိုက်ခိုက်
မှုဖြင့် တုန့်ပြန်မည် ဟုပြောသည်။

မစ္စတာကင် (Mr Kim) သည် သူ၏ရာထူးအား အတည်ပြုမည့် ကြားနာမှုတွင်
မြောက်ကိုရီးယားမှ နောက်တစ်ကြိမ် တိုက်ခိုက်ပါက မည်သို့ တုန့်ပြန်မည်နည်းဟု
မေးသော မေးခွန်းအား ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။ နိုဝင်ဘာလ ၂၃ ရက်နေ့
တွင် တောင်ကိုရီးယား မရီန်း (Marine) နှစ်ယောက်နှင့် အရပ်သားနှစ်ယောက်
သေဆုံးခဲ့သော ယုံပြောင် (Yeonpyeong) ကျွန်းအား မြောက်ကိုရီးယားမှ အမြောက်
ဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းသည် ဒေသတွင်းတွင် တင်းမာမှု တိုးလာခဲ့စေသည်။
မြောက်ကိုရီးယားသည် နောက်ထပ်တိုက်ခိုက်မည့် အလားအလာရှိသည်ဟု တောင်
ကိုရီးယား၏ ထောက်လှမ်းရေး အကြီးအကဲက ပြောကြားသည်။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ဖုန်းထဲကအသံတွေကို Record လုပ်လို့ရတဲ့ JXD D-60


မိမိအိမ်မှာရှိတဲ့ တယ်လီဖုန်းမှာ မိမိ ပြောသည့်အသံကိုသာမက တစ်ဖက်မှပြောတဲ့
အသံကိုပါ ဖမ်းယူထားလို့ရတဲ့ Recorder လေးပါ။ သီချင်းနားထောင်ခြင်း၊
အသံသွင်းခြင်းများကိုလည်း ပြုလုပ် နိုင်ပါတယ်။

Memory 2G ပါဝင်ပါတယ်။ Memory အတွင်းမှာရှိတဲ့ မလိုအပ်တဲ့ အသံဖိုင်တေ
ွကိုလည်း အလွယ်တကူ ဖျက်ပစ်နိုင်ပါတယ်။ 5.5 Volt Adaptor ဖြင့် အားသွင်းပြီး
အသုံးပြုနိုင်ပါတယ်။ အတွင်း Speaker ပါဝင်ပြီး Earphone တပ်ဆင်၍လည်း
နားထောင်နိုင်ပါတယ်။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

နွားများဆွဲသောအလံ ဈေးကွက်အတွင်းရောင်းချ




မြန်မာ နိုင်ငံတော် အလံ အသစ် ပြောင်းလဲ ပြီးနောက် ကြယ် တစ်ပွင့်ပါ သုံးရောင်ခြယ်
အလံအား ဌာန ဆိုင်ရာ နှင့် ကုမ္ပဏီ များက အဓိက ၀ယ်ယူလျက် ရှိကြောင်း ဈေးကွက်
မှ စုံစမ်း သိရသည်။

လက်ရှိ အချိန်တွင် နိုင်ငံတော် အလံသစ်ကို လုပ်ငန်းသုံး ဖြစ်သော ၆ ပေ x ၉ ပေ နှင့်
၎ပေ x ၆ပေ အရွယ် အစား နှစ်မျိုးရှိပြီး အိမ်သုံး အရွယ်အစားများ ရောင်းချရမှု မရှိသေး
ကြောင်း သိရသည်။ ကျွန်မတို့ ဆိုင်မှာ အလံ နှစ်မျိုးပဲ ရောင်းချ ပေးနေ ပါတယ်။ စက်မှု
(၁)ကပဲ ချုပ်တယ်။ အခြား အိမ်သုံး အရွယ် အစားတွေ မရသေးဘူး။ ဌာနဆိုင်ရာ
ရုံးတွေ အတွက်ပဲ ရသေးတယ်”ဟု အလံေ ရာင်းချနေသည့် ဗိုလ်ချုပ်ဈေးသစ်ရှိ
ဝင်းသူဇာ အရောင်းဆိုင်မှ အရောင်း စာရေးမ တစ်ဦးက ပြောသည်။

နိုင်ငံတော် အလံသစ် အပြောင်း အလဲနှင့် ပတ်သက်၍ ကြိုတင် မသိရှိခဲ့ခြင်း
ကြောင့် အလံသစ်အား ပြင်ဆင် ချုပ်လုပ် နိုင်ခဲ့ခြင်း မရှိကြောင်း ဗဟန်းမြို့နယ်ရှိ
တံဆိပ်ရိုက် လုပ်ငန်း အချို့မှ သိရသည်။ “ ရွှေဂုံတိုင်တစ်ဝိုက်က ဆိုင်တွေ က
တော့ ဘယ်သူမှ ကြို မလုပ်ကြဘူး။ လက်ရှိ အချိန်မှာတော့ အ၀ယ် ရှိလာပါပြီ။
ဌာနဆိုင်ရာနဲ့ ရုံးတွေ၊ ကုမ္ပဏီတွေ ၀ယ်ကြတယ်။ အိမ်တွေ ကတော့ မ၀ယ်ကြ
သေး ဘူး ။ မဖြစ်မနေ ဝယ်ရမယ့် သူတွေက အဓိက ဝယ်ကြတာပါ”ဟု ပုံနှိပ်
နှင့် ကြော်ငြာလုပ်ငန်းတစ်ခု၏ ဆိုင်ရှင်ဖြစ်သူက ပြောသည်။

နိုင်ငံတော်အလံသစ်၏ ၄ပေ x ၆ပေ အရွယ်အစား ဖဲသားအလံမှာ ကျပ်
၁၂,၀၀၀နှင့် ၆ပေ x ၉ပေ အရွယ်အစား ကျပ်၂၀,၀၀၀ ခန့်ရှိကြောင်း သိရသည်။
စက်မှု (၁)၀န်ကြီးဌာနမှ ၀င်းသူဇာ အရောင်းဆိုင်များမှတစ်ဆင့် ယခု ဈေးကွက်
တွင်းသို့ ဖြန့်ဖြူး ရောင်းချ နေသော နိုင်ငံတော် အလံများမှာ ဖဲသား နှင့် ချုပ်လုပ်
ထားသော အလံ အမျိုးအစား ဖြစ်ပြီး ၆ပေ x ၉ပေ အလံကို ၁၅,၀၀၀ ကျပ် နှင့်
၎ပေ x ၆ပေ အလံကို ၆,၅၀၀ ကျပ်ဖြင့် အရွယ် အစား နှစ်မျိုး ရောင်းချလျက်
ရှိကြောင်း သိရသည်။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ဝီကီလိပိုင်ရှင်အား ဖမ်းဆီးရန် အင်တာပို ၀ရမ်းထုတ်

ဝီကီလိအင်တာနက် ၀က်ဘ်ဆိုက်တွင် အမေရိကန်နိုင်ငံ၏ အီရတ်စစ်ပွဲနှင့် ပတ်
သက်သော ထိပ်တန်းလျှို့ဝှက် စာရင်းဝင် စာချုပ်စာတမ်း လေးသိန်းခန့်ကို ထုတ်
ဖော်ပြသခဲ့သည်။

ထို့ပြင် ဇူလိုင်လကလည်း အာဖဂန်စစ်ပွဲနှင့် ပတ်သက်၍ လျှို့ဝှက်ဖိုင်ပေါင်း ၇၇၀၀၀
ကို ခွင့်ပြုချက် မရှိဘဲ ဖော်ပြခဲ့သည်။ ယခု နောက်အကျဆုံး အနေဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လျှို့ဝှက်စာရွက် စာတမ်းများကို ဖော်ထုတ်တင်ပြခဲ့သည်။

၎င်းဝက်ဘ်ဆိုက်ကို တည်ထောင်ထားသူသည် အသက် ၃၉ နှစ်အရွယ်ရှိ သြစတြေး
လျနိုင်ငံသား အာဆန်ဂီးဆိုသူဖြစ်သည်။ ၄င်း၏ဆာဗာများကို ဆွီဒင်နိုင်ငံတွင် ထားရှိ
သဖြင့် ဆွီဒင်နိုင်ငံတွင် နေထိုင်ခွင့်ပြုရန် လျှောက်ထားခဲ့သည်။ ယင်းသို့နေထိုင်စဉ်အ
တွင်း အင်ကိုပင်းမြို့နှင့် စတော့ဟုမ်းမြို့တို့မှ အမျိုးသမီးနှစ်ဦးအား အတင်းအဓမ္မ ပြု
ကျင့်ခဲ့ကြောင့် တိုင်ကြားခံခဲ့ရသည်။

ထို့ကြောင့် ဆွီဒင်အစိုးရက ယင်းအမှုနှင့်ပတ်သက်၍ အာဆန်ဂီးအား ဖမ်းဝရမ်း ထုတ်
ခဲ့သည်။ အာဆန်ဂီးမှာ တိမ်းရှောင်လျက်ရှိသည်။ အခုတစ်ဖန် ပြင်သစ်အခြေစိုက် နိုင်
ငံတကာ ရဲတပ်ဖွဲ့က အာဆန်ဂီးအား ဖမ်းဆီးရန် ထပ်မံ၍ အမိန့်ထုတ်ပြန်ခဲ့သည်။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

မြန်မာ-ထိုင်း အင်တာနက်ဆက်ကြောင်းအား တရုတ်နှင့်အိန္ဒိယသို့ပြောင်း

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် မြန်မာ-ထိုင်းနယ်စပ်ဖြတ်ကျော်
အင်တာနက်ဆက်ကြောင်းအား တရုတ်နှင့် အိန္ဒိယနိုင်ငံများဘက်သို့ လွှဲ
ပြောင်းချိတ်ဆက်ထားကြောင်း အဆိုပါလုပ်ငန်း၏ တာဝန်ရှိသူတစ်ဦးက
ဆိုသည်။

မြန်မာ-ထိုင်း ကုန်းတွင်းနယ်စပ်ဖြတ်ကျော် အင်တာနက်ဆက်ကြောင်းအား
ယခုကဲ့သို့ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံဘက်သို့ လွှဲပြောင်းချိတ်ဆက်ထား
ရာတွင် တရုတ်နိုင်ငံ၏ မိုဘိုင်းနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သော China
Telecomနှင့် အိန္ဒိယနိုင်ငံ၏ မိုဘိုင်းနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သည့် Ta Ta
ကုမ္ပဏီတို့နှင့် ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

မြဝတီနယ်စပ်မြို့အတွင်း ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဖြစ်ပေါ်ခဲ့သည့်
အခြေအနေအချို့ကြောင့် အဆိုပါ ထိုင်း-မြန်မာ ကုန်းတွင်းနယ်စပ်ဖြတ်ကျော်
အင်တာနက်ဆက်ကြောင်းအား ခေတ္တဖြုတ်ချထားရခြင်း ဖြစ်သဖြင့် အင်တာ
နက်ဆက်သွယ်မှုများ လုံးဝ မပြတ်တောက်သွားစေရန်အတွက် တရုတ်နှင့်
အိန္ဒိယနိုင်ငံများ၏ နည်းပညာကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်လိုက်ရ
ခြင်းဖြစ်ကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများနှင့် ကုန်းတွင်းနယ်စပ်ဖြတ်ကျော် အင်တာနက်ဆက်ကြောင်း
ကိုးခုရှိပြီး ၎င်းတို့တွင် မြန်မာ-ထိုင်း အင်တာနက်ဆက်ကြောင်း၊ မြန်မာ-တရုတ်
ကုန်းတွင်းနယ်စပ်ဖြတ်ကျော် အင်တာနက်ဆက်ကြောင်း၊ မြန်မာ-အိန္ဒိယ ကုန်း
တွင်းနယ်စပ်ဖြတ်ကျော် အင်တာနက်ဆက်ကြောင်းများ ဖြစ်သည်။

ပြည်တွင်း အင်တာနက်ဆက်သွယ်မှု စနစ်များမှာ ပြီးခဲ့သည့် အောက်တိုဘာလဆန်း
ပိုင်း ကာလများမှစတင်ပြီး တဖြည်းဖြည်းချင်း နှေးကွေးကျဆင်းခဲ့ပြီး နိုဝင်ဘာလဆန်း
ပိုင်းမှ ၅ ရက်အထိ သိသာစွာကျဆင်းခဲ့ပြီး ရွေးကောက်ပွဲ မကျင်းပမီ တစ်ရက်အလို
ဖြစ်သော နိုဝင်ဘာ ၆ ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်ခဲ့သည်။

ထိုမှတစ်ဖန် နိုဝင်ဘာလ တတိယပတ်အတွင်းတွင် ပြည်တွင်း အင်တာနက်ဆက်
သွယ်မှုများမှာ နောက်ထပ်တစ်ကြိမ် သိသာစွာကျဆင်းခဲ့သဖြင့် အင်တာနက်ကို
အဓိက သုံးစွဲနေရသည့် စီးပွားရေးလုပ်ငန်းများအားလုံး အကျပ်အတည်းများ ဖြစ်
ပေါ်လျက်ရှိသည်။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ကျပ် တသောင်း တန် သတင်း နေပြည်တော်တွင်ပျံ့နှံ့ 


နေပြည်တော်ရှိ ဆောက်လက်စ လွှတ်တော် အဆောက်အအုံသစ် အနီး၌ အလုပ်
သမားများ အလုပ်လုပ်နေသည်ကို မတ်လ ၂၇ ရက်နေ့က တွေ့မြင်ရစဉ်

ဘဏ္ဍာရေးပြဿနာများဖြေရှင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် လာမည့် နှစ်ဆန်းပိုင်းတွင်
ငွေစက္ကူ အသစ် ထုတ်ဝေ သွားရန် ပြောဆိုနေသည်ဟု နေပြည်တော် အသိုင်းအ
ဝန်းကြားတွင် ပျံ့နှံ့ နေသည်။

“ဒီဇင်ဘာ ဒါမှမဟုတ် နှစ်ဆန်းမှာ ကျပ် တသောင်း တန် ငွေစက္ကူသစ် ထုတ်မယ်
ဆိုပြီး ပြောနေတယ်။ အဓိက ဘဏ္ဍာရေး အခြေအနေကို အမြန်ဆုံးဖြေရှင်းနိုင်မယ့်
နည်းကို ရွေးချယ်တာလို့ ခန့်မှန်းကြတာပါပဲ”ဟု နေပြည်တော် အရာရှိတဦးက
ပြောသည်။

ထို့အပြင် လက်ရှိ နေပြည်တော်တွင် တည်ဆောက်နေသည့် အဆောက်အအုံ
စီမံကိန်းများအတွက် ဆောက်လုပ်ရေး ကုမ္ပဏီ ကြီးများကို ကျပ် ဘီလီယံ
ပေါင်းများစွာ ပေးရန် ရှိသည်ဟု ၎င်းက ပြောဆိုသည်။

“ပုဂ္ဂလိက အိမ်ရာ၊ ဆေးရုံ၊ ရုံး အဆောက်အအုံတွေအတွက် အစိုးရကနေ ဆောက်
လုပ်ရေး ကုမ္ပဏီတွေကို ဘယ်ကုမ္ပဏီက ဘယ်နေရာတွေ တည်ဆောက်ဆိုပြီး ခွဲ
ချပေးထားတယ်။ ဘီလီယံနဲ့ ချီပြီးပေးရမယ့် အကြွေးတွေအတွက် လောလောဆယ်
အသုံးစရိတ်တွေအတွက် သုံးထားတာတွေရှိတော့ မပေးနိုင်သေးဘူး”ဟု အရာရှိတ
ဦးက ပြောသည်။

၂၀၀၉ ခုနှစ်ကလည်း ၎င်း၏ အသုံးစရိတ် လိုငွေပြမှုကို ဖြေရှင်းလိုခြင်းကြောင့် ၂၀၀၉
ခု အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၅၀၀၀ ကျပ် တန်
များ ထုတ်ဝေခဲ့သည့် ဖြစ်စဉ်များရှိသောကြောင့် ယခုတကြိမ် တွင် လည်း အလားတူ
လုပ်ရပ်မျိုး ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီ
ရိမြို့နယ် တို့ကို နေပြည်တော် အထူး ခရိုင်ဟု သတ်မှတ်ကာ တည်ဆောက်ရေးလုပ်
ငန်းများကို တိုးချဲ့လုပ်ကိုင်နေလျက်ရှိသည်။

မြို့တော်သစ် နေပြည်တော်ကို တည်ဆောက်၍ အုပ်ချုပ်ရေး မြို့ တော် အဖြစ် ၂၀၀၅
ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြောင်းရွှေ့ခဲ့ပြီး ရုံး အဆောက်အအုံများ၊ ပန်းဥယျာဉ်
များ၊ တိရစ္ဆာန် ရုံများ၊ ဟိုတယ်ဇုန် များကို ခမ်းနားကြီးကျယ် စွာတည်ဆောက်ခြင်း၊
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် လမ်းများဖောက်လုပ်ခြင်းတို့ဖြင့် နေပြည်
တော်ကို စည်ကား စေရန် ပြုလုပ်ခဲ့သည်။

“ရုံး အဆောက်အအုံတွေဆိုလည်း အကြီးကြီးတွေနဲ့ ခမ်းခမ်းနားနားဆောက်၊ အတွင်း
ပိုင်း ပြင်ဆင်မှုတွေဆိုရင်လည်း တကယ့် ကို အကုန်ကျခံလုပ်ထားတော့ ဒီအတွက်
လောလောဆယ် ဆောက်လုပ်ရေးကုမ္ပဏီတွေက စိုက်ပြီး လုပ်နေတာပေါ့။ အကုန်
လုံးပြီးသွားရင်တော့ ဘယ်ကုမ္ပဏီက ဘယ်လောက် တာဝန်ယူထားတာအတွက် ရှင်း
ပေးမှာမျိုး။ နေပြည်တော် တည်ဆောက် လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်ခွင့်ရနေတာက
လည်း နီးစပ်တဲ့သူတွေ ချည်းပဲ”ဟု နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းခွင်မှ
အင်ဂျင်နီယာတဦးက ပြောသည်။

နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းများကို မက်စ်မြန်မာ၊နေပြည်တော် ဆောက်
လုပ်ရေး၊ ထူး ကုမ္ပဏီ၊ အေ၀မ်း ကုမ္ပဏီ စသည့် ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီ
၂၂ ခု က လုပ်ကိုင်ခွင့်ရရှိထားကြောင်း သိရသည်။





>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

မြောက်ကိုရီးယားတို့ ထပ်မံတိုက်ခိုက်လာနိုင်ကြောင်း တောင်ကိုရီးယားပြောကြား




မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် ထပ်မံတိုက်ခိုက်လာဖွယ် ရှိကြောင်း တောင်ကိုရီးယား
ထောက်လှမ်းရေး အေဂျင်စီဥက္ကဋ္ဌက ဒီဇင်ဘာ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

အမျိုးသားထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူး ၀မ်ဆေဟွန်းက ပါလီမန်တွင် ''
မြောက်ကိုရီးယားက ထပ်တိုက်လာဖို့ ဖြစ်နိုင်ခြေ များပါတယ်''ဟု ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၁ ရက်နေ့တွင် တောင်ကိုရီးယားနှင့် အမေရိကန် စစ်ရေးလေ့ကျင့်မှု ပြီးဆုံး
ခဲ့ပြီးနောက် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်တေယန်က မြောက်ကိုရီးယား
တို့ နောက်တစ်ကြိမ် ရန်စတိုက်ခိုက်လာနိုင်ကြောင်း သတိပေး ပြောကြားထားသည်။

တောင်ကိုရီးယားနှင့် အမေရိကန် စစ်ရေးလေ့ကျင့်မှုများ ထပ်မံဆောင်ရွက်ရန် စီစဉ်နေ
ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် မြောက်ကိုရီးယား တိုက်ခိုက်လာနိုင်မှုနှင့်
ပတ်သက်သည့် မှတ်ချက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် မြောက်ကိုရီးယား
နှင့် ဖြစ်ပွားနေသော လက်ရှိ အကျပ်အတည်းသည် အဆိုးဆုံး အခြေအနေကို ကျော်
လွန်သွားပြီ ဖြစ်ကြောင်း တောင်ကိုရီးယား အဆင့်မြင့် တာဝန်ရှိသူအချို့က ပြောကြား
ခဲ့သည်။ တောင်ကိုရီးယား အနောက်ဘက် ကမ်းရိုးတန်းတွင် အမေရိကန်နှင့် စစ်ရေး
လေ့ကျင့်မှု အသစ်များ ဆောင်ရွက်ရန် စီစဉ်နေကြောင်း တောင်ကိုရီးယား စစ်ဦးစီးချုပ်
ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ဘီဘီစီ က ဖော်ပြခဲ့သည်။

တစ်ချိန်တည်းမှာပင် အမေရိကန် ရေတပ်သည် ဂျပန်မှ တောင်ကိုရီးယားသို့ ဂျက်လေ
ယာဉ်လောင်စာ တန် ၃၀ç၀၀၀ ခန့် ရွှေ့ပြောင်းရန် အလတ်စား ရေနံတင်သင်္ဘောတစ်
စင်း ရှာဖွေနေကြောင်း ရေနံကုန်သည်များက ပြောကြားခဲ့သည်။ တောင်ကိုရီးယားတွင်
အမေရိကန် တပ်ဖွဲ့ဝင် ၃၀၀၀၀ နီးပါး တပ်စွဲထားသည်။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

သားချစ်တဲ့ မေမေ

မေမေ.....မေမေ.... မေမေ..
မေမေရေ သားက မေမေ့ ကလေးပါ။ သြော် .. မေမေကတော့ သားကိုဘယ်
သိ၇ှာမှာတုံး ။ သားက အခုမှ သုံးပတ်ပဲရှိသေးတာကို ..။
စိတ်မပူပါနဲ. မေမေရယ် .. နောက်တော့သားကိုမေမေ တွေ.လာမှာပါ ။
မေမေ့ကိုလေ သားအကြောင်းလေးကို သားကိုယ်တိုင် နဲနဲပြောပြချင်တယ် ..
နားထောင်ပေးနော် မေမေ။

သားနာမည်က မိုးမိုးလို.ခေါ်တယ် မေမေရဲ.။ သားမှာလေ မျက်ခုံးလှလှလေး
တွေရှိတယ်.. နက်မှောင်တဲ့ ဆံပင်ကောက်ကောက်လေးတွေ ရှိတယ်။
အခုတော့ သားမှာမရှိသေးဘူးပေါ့ .. ဒါပေမယ့် သားမွေးလာရင် တော့ရှိလာမှာ
မေမေရဲ. ။

သားမွေးလာရင်လေ .. သားက မေမေ့ရဲ. တစ်ဦးတည်းသော သားလေးဖြစ်လာ
မှာ ။ "ဒီသားအမိနှစ်ယောက် အကဲကိုပိုလွန်းတယ်" လို. မေမေနဲ.သားချစ်ကြမှာ
ကို ပတ်ဝန်းကျင်က အဲ့လိုပြောကြမှာ မြင်ယောင်သေး ဟိဟိ ။ သားဖေဖေ့ကို
တောင် မလိုဘူးလို.ထင်တယ် .. ဖေဖေ တောင်းပန်ပါတယ်နော် ..သားစော်ကား
တာမဟုတ်ပါဘူး.. ဘာလို.လဲ ဆိုတော့ သားကလဲ အမေ့ကို အရမ်းချစ်တယ် ..
မေမေကလဲ သားကိုအရမ်း ပြန်ချစ်မယ်လို. သားထင်တယ်။

မေမေ သားကိုအရမ်းချစ်တယ်မလားဟင် ?? သားတို. သားအမိနှစ်ယောက်လုံး
တူတူ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ဘ၀ကိုဖြတ်သန်းကြမယ်လေ ။သားကတိ
ပေးပါတယ် မေမေရယ်... ဒါနဲ.လေ သားကြီးလာရင်လေ .. သား ဆရာဝန်ကြီး
သိပ်ဖြစ်ချင်တာ မေမေရဲ. ...အထူးကု သမားတော်ကြီးလာရင်လေ လူနာတွေ
အသက်ကိုကယ်နိင်မှာဗျ .. သားတွေးရင်းနဲ. ပျော်နေပြီ မေမေရယ် ...

ဟောဗျာ ... ဒီနေ.ပဲ မေမေ့ ဗိုက်ထဲမှာ သားရှိနေတာ မေမေသိသွားပြီ ။ မေမေ
သိပ်ပျော်နေတယ်နော် .. မေမေဘယ်သူကိုမှ မပြောဘဲ မနေနိင်အောင်ဖြစ်နေ
တယ်နော်... မေမေ မျက်နှာလေးပေါ်မှာ အပြုံးပန်းတွေ ဝေနေတာ သားမြင်ရ
တယ် မေမေ..။အဲ့အပြုံးလေးတွေ ဟာ သားဘ၀မှာ ပထမဆုံး မြင်ရတဲ့ အပြုံး
လေးပါ ..အဲ့ဒီ့အပြုံးလေးဟာ သားဘ၀မှာ အကောင်းဆုံး အပြုံးလေး ပါ မေမေ
ရယ်...အဲ့နေ.မှာပဲံ ချက်ချင်း မေမေ ဖေဖေ့ကို သားအကြောင်း ပြောပြလိုက်
တယ်လေ။

မေမေက အရမ်းကို စိတ်လှုပ်ရှားနေတာလေ .. ဒါပေမယ့်လေ .. ဖေဖေက
မေမေ့လို မဟုတ်ဘူးဗျ။ သူက မကြိုက်တဲ့ အမူအရာပြနေတယ်ဗျ။ ပျော်တဲ့ပုံ
လဲပေါက်ဝူး ။ မေမေ့ရေ လုပ်ပါဦး ဖေဖေ့ က စိတ်ဆိုးတဲ့ မျက်နှာကြီး ဖြစ်လာ
ပြီ ..သားကြောက်လာပြီနော် မေမေရယ်...တကယ်တော့ ပျော်ရမှာ မဟုတ်
ဘူးလားဟင် မေမေ??

ဖေဖေ စပြောပါလေရော .. အဲ့စကား ဘယ်လိုခေါ်ပါလိမ့် ?? သြော် .. သား
သိပြီ ဟိုဟာလေ.. " ဗျစ် တောက် ဗျစ် တောက် " ဆိုလားပဲ။ ထားပါတော့
လေ။ သူပြောတဲ့ စကားတွေထဲမှာ ပိုက်ဆံအကြောင်း ၊ ကုန်ကျ စရိတ်တွေ
အကြောင်း ဘာတွေမှန်းမသိဘူးဗျ .. စုံနေတာပဲ ။ သားတော့ တစ်ခုမှ နား
မလည်ဘူးမေမေ။ အဲ့ဒါဘာတွေ ပြောနေတာလဲဟင် ... ပိုက်ဆံဆိုတာ ဘာ
ကြီးလဲဟင် ?? ထားလိုက်ပါမေမေရယ် ။ နောက်တော့ သားသိလာမှာ မလား
ဟိဟိ .. ကျောင်းတက်ရင် ဒါတွေ နားလည်လာမှာပါ။ သားလေ ကျောင်းအ
ရမ်း တက်ချင်နေပြီ မေမေရယ် ..

ဟာ ဟာ ဟာ..... ကျွန်တော်ဒါတွေ တွေးနေတုံး မှင်သေသေသွားတယ်....
ဖေဖေက မေမေ့ကို လှမ်းရိုက်လိုက်တယ် ..မေမေနောက်ကို လန်ကျသွား
တယ်ဗျ .. မေမေက လက်ထောက်ပြီး သားကို ကာကွယ်လိုက်တယ်လေ...
သားက တော့ ဘာမှတော့ မဖြစ်ပါဘူး မေမေရယ် ..သားလေ အမေ့အတွက်
လုံးဝကို စိတ်မကောင်းဘူး မေမေရယ် ..ပြီးတော့ မေမေ စပြီး ငိုပါလေရော
ဗျာ .. သားလေ အဲ့အသံကို လုံးဝ မကြိုက်ဘူးဗျာ.. အရမ်းမုန်းတာပဲ .....
ဘယ်လို အသံလဲတော့ သားမသိဘူး .. မေမေ့ ပါးစပ်ကထွက်သမျှ အသံတွေ
ထဲမှာ အဲ့ အသံကို သားလုံးဝ မကြိုက်ဘူး မေမေရယ် .... ။ ဖေဖေ က
မေမေ့ကို " တောင်းပန်ပါတယ်ကွာ .. ကိုယ်မှားသွားတယ် ..... မင်းကို
ချစ်ပါတယ်" လို.ပြောပြီး မေမေ့ကို ဖက်ပြီး နှစ်သိမ့်တယ်။

သားလေ တကယ်ရူးချင်လာပါပြီ မေမေရယ် .. ချစ်တယ်ဆိုရင် ဘာလို.ရိုက်
သေးလဲဟင် ..သားနားမလည်နိင်တော့ပါလား မေမေရယ် .. ခေါင်းတွေတောင်
မူးလာပြီ...မေမေ..သားကို မေမေ မြင်ရပြီလားဟင် ?? မေမေ့ ဗိုက်လေး ပူလာ
ပြီနော် .. ။ မေမေလေ ဖွားဖွားနဲ. Shopping ထွက်ပြီး အ၀တ်အသစ်တွေ ၀ယ်
တယ်လေ .. မေမေ့ဗိုက်လေး ပူလာတော့ အကျီ်တွေ မတန်တော့ လို့ လားဟင် ?

မေမေ သားကို သီချင်းလေးတွေ ဆိုပြတယ် .. သားဘ၀မှာ အဲ့အသံက အချိုမြိန်
ဆုံးပါပဲဗျာ ... နားထောင်လို.ကို မ၀ဘူး မေမေရယ် ..မေမေ။ သားကို စောင့်နေ
နော် သားမကြာခင် လူ.လောကထဲ လာခဲ့မယ် .. သားမွေးလာရင်လေ အမေ့အ
တွက် သားအကောင်းဖြစ်အောင်လုပ်မယ် မေမေရယ် ... စိတ်ချပါ.. မေမေ့ကို
သားရင်ထဲ အသဲ ထဲက ကို ချစ်မှာပါ ။

မေမေရေ .. သားအခု ခြေထောက်လေးတွေ လက်လေးတွေ လှုပ်လို.ရပြီဗျ ..
သားဘာလို.လှုပ်လဲသိလား ?? မေမေက ဗိုက်ပေါ်လက်ကလေးတင်ပြီး ပွတ်
တဲ့အခါဆိုရင် သားကလဲ လက်လေးတွေ ခြေလေးတွေ လှုပ်ပြီး အချက်ပေး
တာပေါ့ ဟိဟိ ပျော်လိုက်တာ.. မေမေနဲ. သားနဲ. ကစားနေတာလေ ..။

ဒီနေ. ဖေဖေက မေမေ့ကို လာတွေ.တယ် .. သားကြောက်တယ်မေမေရယ်။
ဖေဖေ ဘာတွေ အထူးအဆန်းလုပ်ပြီး လျှောက် ပြောနေလဲမသိဘူး မေမေ။
သူက မေမေ့ကို မလိုဘူးတဲ့ ပြီးတော့ သူက မေမေ့ကို ရိုက်ပြန်ကော ..ပြီးတော့
မေမေနဲ. ဖေဖေ စကားတွေ များကြတယ်လေ ..

သားအရမ်းကို ဒေါသထွက်တာပဲဗျာ .. ဖေဖေ့ကို မုန်းတယ်။ မေမေ စိတ်သာ
ချထားလိုက် .. သားမွေးလာရင်လေ မေမေ့ကို ဘယ်သူမှ အနိင်မကျင့်စေ
ရဘူး ..သားကာကွယ်ပေးမယ့် ။ ဖေဖေ တကယ်ဆိုးတယ်ဗျာ .. မေမေက
သူ.ကို လူကောင်းလို.ထင်ထားလားမသိဘူးဗျာ .. သားအတွက်ကတော့
တော်တော်ဆိုးတယ်။ သားချစ်တဲ့ မေမေ့ကို သူရိုက်တယ်လေ။ ပြီးတော့
သူကပြောတယ် .. သားကို မလိုချင်ဘူးတဲ့ ။ သူက သားကိုဘာလို. မုန်းနေ
တာလဲ ဟင်။ သားမှာ ဘာများ အပြစ်ရှိလို.လဲ ဟင် ။ သားကို ရှင်းပြပါဦး
မေမေရယ် .. သားသိချင်လို.ပါဗျာ ... ။

"မေမေ.. မေမေ... မေမေ.." သားခေါ်နေတာကြားလားဟင် မေမေ။ ဒီည
မေမေ သားကို ဘာမှလဲ မပြောဘူးနော်.. မေမေဘာဖြစ်နေတာလဲ ဟင် ..
မေမေ နေကောင်းရဲ.လား ဟင် ?? သားစိတ်ပူလို.ပါ အခုဆို မေမေ ဖေဖေနဲ.
တွေ.တာ သုံးရက်ကြာသွားပြီနော်..။ မေမေ အဲ့နေ.က စပြီး သားကိုဘာမှမ
ပြောတော့ဘူး ၊ သားကိုလဲ မကိုင်တော့ဘူး ၊ မေမေ သားကိုဂရုမစိုက်တော့ဘူး ။

မေမေ သားကိုကော ချစ်သေးရဲ.လားဟင်?ဘာပဲ ဖြစ်ဖြစ် သားကတော့ မေမေ့
ကို ချစ်နေမှာပဲ..သား မေမေအိပ်နေတဲ့ အချိန်ဆို အရမ်းပျော်တယ်သိလား ..
ဘာလို.လဲဆိုတော့ မေမေက အိပ်ရင် ဗိုက်ပေါ်လက်တင်အိပ်တဲ့ အကျင့်ရှိတယ်
လေ.. သားကိုဖက်ထားတယ်လို. သားခံစားရတယ် မေမေရယ်...။

ဒါတွေက မေမေအိပ်နေတဲ့ အချိန်မှာပါပဲ .. မေမေနိုးနေတဲ့ အချိန်မှာ ဘာလို.
အဲ့လိုမလုပ်တော့တာလဲ မေမေရယ်.. အရင်တုံးကလို ဘာလို . မလုပ်တော့တာ
လဲ မေမေရယ် .. သားငို ချင်လာပြီနော်.. ။

သားလေ အခုဆို ၂၁ ပတ်ရှိပြီ မေမေရဲ. ။ မေမေ သားအတွက် ဂုဏ်မယူ ဘူး
လားဟင်..?? သားတို. ဒီနေ. နေရာသစ်ကို သွားမယ်လို့ မေမေနဲ. ဖွားဖွား ပြော
နေသံကြားတယ် .. သားတော့ အဲ့နေရာတော့မသိဘူး .. ဒါပေမယ့် ပျော်လိုက်
တာ မပြောပါနဲ.တော့ ...အဲ့နေရာက ဆေးရုံလို. ခေါ်တယ်လို. ပြောတာပဲ ..
သားတော့ သိဝူး .. သိလဲ သိချင်ပါဘူးလေ ။ မေမေနဲ. တူတူ၇ှိနေရင် သား
ပျော်ပါတယ် မေမေရယ်...။

သြော် သားသိပြီ ဆေးရုံဆိုတာ ဆရာဝန်တွေ၇ှိတဲ့ နေရာမလား ? မေမေ့ကို
သားပြောဖူးပါတယ် .. သားကြီးလာရင် ဆရာဝန်လုပ်မယ်ဆိုတာလေ... အခု
သားအဲ့နေရာကို သွားရမယ်ဆိုတော့ အတိုင်းမသိ ၀မ်းသာနေတယ် မေမေ
ရယ်..စိတ်လဲလှုပ်ရှား နေတယ်ဗျာ ။ မေမေ့ကို ပြောပြချင်လိုက်တာဗျာ ...
ဟိဟိ ...။

မေမေ .. သားတဖြည်းဖြည်း ကြောက်လာပြီ.. ။ မေမေ့ နှလုံးခုန်သံတွေမြန်လာ
သလိုပဲနော်..။မေမေ ဘာတွေတွေးနေတာလဲ တော့ မသိဘူး .. ဒါပေမယ့် သား
လေးစားရတဲ့ ဆရာဝန်ကြီးက မေမေ့ကို ဘာတွေလဲ မသိဘူးပြောပြနေတယ်ဗျ ..။
သားသိနေတယ်နော် မေမေ... တစ်ခုခုတော့ ဖြစ်တော့မယ်ဆိုတာလေ။ သား
ကြောက်လာပြီမေမေရယ် .. တကယ်ပြောတာပါ .. ကြောက်လာပြီ.. ။ မေမေ...
သားကို ချစ်တယ်ဆိုတဲ့ စကားလေးသာ ပြောပေးပါဗျာ .. သားအဲ့ဒါဆို စိတ်အေး
သွားမှာပါ ။ တောင်းပန်ပါတယ် မေမေရယ် .. ပြောပါ ပြောပါ။

သားကတော့ မေမေ့ကို အရမ်း အရမ်း ချစ်တယ်လို.ပြောချင်တယ် မေမေရယ်..။
မေမေရေ .. သားကိုကယ်ပါဦး .. !!! သူတို.သားကို ဘာတွေလုပ်နေလဲ မသိဘူး
သားဆရာဝန်ကြီးတွေကို မုန်းသွားပြီ .. ဆရာဝန်ကြီး မဖြစ်ချင်တော့ဘူး ..မေမေ..
သားနာလို.ပါ မေမေရယ် .. ကယ်ပါမေမေရယ် .. သူတို.ကို ရပ်ခိုင်းပေးပါ...
မေမေရယ် .. သားမခံနိင်တော့ဘူး အား!! အား!! အား!! နာတယ် နာတယ်!! ...

မေမေ့ကို ချစ်.. ချစ် ..ချစ်... တယ်... တယ်....နော်..........................

/\iv./\iv./\iv./\iv/\iv./\iv/\iv...../\iv ....
______________________________________ (Heart Beats)
မေမေ.. သားအခု အန္တရယ် ကင်းသွားပါပြီ မေမေရယ် .. သားအခု နတ်ပြည်မှာလေ
နတ်သား နတ်သမီးလေးတွေနဲ. အတူတူရှိနေပါတယ်မေမေ။ Angle လေးတွေက
မေမေ ဘာလုပ်လိုက်လဲဆိုတာ သားကိုပြောပြတယ်.. မေမေ ကိုယ်ဝန်ဖျက်ချ
လိုက်တာတဲ့ (Abortion )

မေမေရယ် ... လုပ်ရက်လိုက်တာ .. ဘာလို.အဲ့လို လုပ်ရတာလဲဟင် ? မေမေ
သားကိုမချစ်ဘူးလား ? သားက မေမေ့ကို ၀န်ထုပ်ဝန်ပိုး ဖြစ်စေခဲ့လို.လား ?
မေမေရယ် ဖေဖေ မရှိလဲ သားမေမေ့ကို စိတ်ချမ်းသာအောင်ထားမှာပါ မေမေရယ်..
သားရယ် အမေရယ် ဘ၀ကို ရုန်းကန်ဖြတ်သန်းမယ်လို. သားမျှော်လင့်ထားတာပါ
မေမေရယ်.. ။မေမေရယ် သားကတော့ မေမေ့ကို အသဲ ပေါက်ထွက်မတတ်
ချစ်ပါတယ်မေမေရယ်။ သားကို ဘာလို.ပြန်မချစ်တာလဲဟင် .. မေမေသားကို
အရမ်းချစ်မယ်လို. သားထင်ထားတာပါ မေမေရယ်..။

သားလေ လူ.ဘ၀ကို ရောက်ချင်တယ် မေမေရယ်။ ဒီဘ၀မှာ မနေချင်ဘူး မေမေရယ်။
သားပြန်လာချင်တယ် မေမေရယ် ။ သားကြီးလာရင်လေ မေမေကို ပညာရှင်ကြီး
ဖြစ်အောင်ကြိုးစားပြိး လုပ်ကျွေးမှာ.. ( ဆရာဝန်တော့ သားမဖြစ်ချင်တော့ဘူး ၊ သား
မုန်းသွားပြီ ) မေမေရယ် .. သားကို ဘာလို.မချစ်တာလဲ ဟင် ?

သားလေ မေမေမျက်နှာကို အဝေးကပဲ မြင်ဖူးတာ .. အနီးကပ်မြင်ချင်တယ်မေမေရယ်...
သား အမေ့ကို နမ်းချင်တယ်..မေမေနဲ. သားနဲ. ဆော့ချင်တယ်.. မေမေနဲ. သားနဲ. ည
ဘက် ကြယ်လေးတွေ တူတူရေ ချင်တယ် ...သားလေ လူတွေ အလယ်မှာ ထွက်ပြီး
ဒါငါ့အမေကွ လို. အော်ပြောချင်တယ် မေမေရယ်..သားဆန္ဒ တွေ ဘာလို. မဖြစ်လာရ
တာလဲဟင်...

သား အမေ့ကို ချစ်တဲ့ အချစ်က နဲလို.လားဟင် မလုံလောက်ခဲ့လို.လားဟင် ??
သား လောက မှာ အလိုချင်ဆုံးက မေမေသားကို ပြန်ချစ်လာတာကိုပါပဲ..သား အမေ့
အပေါ် အမှားလုပ်မိလို.လားဟင်.. အမှားလုပ်မိတာ၇ှိရင်တောင်းပန်ပါတယ် မေမေရယ်..

ဟော .. မေမေ သားကို နတ်သားလေး တွေ လာခေါ်နေပြီ သွားတော့မယ်နော် မေမေ...
သား မေမေကို တစ်ခု လှမ်းပြောလိုက်မယ်နော် .. မေမေတော့ ကြားပါ့မလားမသိဘူး။
" သား အမေ့ကို အရမ်း အရမ်း ချစ်ပါတယ်ဗျာ ... "

Every abortion is just…

One more heart that was stopped.

Two more eyes that will never see.

Two more hands that will never touch.

Two more legs that will never run.

One more mouth that will never speak.


vial မှ အသိပညာ ရနိုင်ဖွယ်ရာ ဆွေးနွေးချက်များ ခေါင်းစဉ်အောက်၌ ရေးသား
ချက်အား ပြန်လည်ဖေါ်ပြလိုက်ပါသည်။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

LAZY CLUB ( Live In Korea ) 2010

စက်တင်ဘာ ၂၁ ရက်နေ့ တွင် တောင်ကိုရီးယား နိုင်ငံ ဘူချောင်န်း ပြည်သူ့ ခန်းမ
( BUCHEON CITIZEN HALL ) တွင်ကျင်းပခဲ့ သည့် ကိုရီးယားနိုင်ငံ ထေရဝါဒ
ဗုဒ္ဓဘာသာ ပြန့် ပွါးရေး ရန်ပုံငွေ ရရှိရေး lazy club live in korea (2010)
အပိုင်း(၁)


LAZY CLUB ( Live In Korea ) 2010 from YECHIT on Vimeo.



>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ညထဲက သတို့ သမီး

ညဆိုတာ
မိန်းမနဲ့ ယောင်္ကျားတို့ ရဲ့ 
ခွန်အားပြည့် ရမ္မက်ခွက်ကို
မျိုးဆက်ပြန့် ပွားမှု သေရည်နဲ့ 
ဖြည့်စွက်
အိပ်မက်ပွင့်ဖူး
သောက်ကြူးကြတာဖြစ်တယ်။

ညဆိုတာ
သူအိုသူမင်းတို့ 
လေညှင်းမွှေးမွှေး
ဇီဝဆေးတွေ
အားမွေးအရည်ဖျော်
သက်ရာကျော်ဖို့ 
ပျော်ဝင်စေတာဖြစ်တယ်။

ညဆိုတာ
ဒဏ္ဍာရီ ပုံပြင်ပြော
ကလေးတို့ ပျော်မောတဲ့ 
အိပ်မက်တောဖြစ်တယ်။

ညဆိုတာ
လုလင်ပျိုရဲ့  အာရုံကြောအသစ်
အချစ်နဲ့ လှုပ်ရှား
နှလုံးသား အိပ်မက်တောင်ပေါ်
တိမ်မှောင် မည်းမည်း
လျှပ် ရဲရဲမှာ
သွားရဲ တက်ရဲ
မာန်ဟုန်ဇွဲနဲ့ 
ချစ်ပွဲခံရာဖြစ်တယ်။

ညဆိုတာ
သတို့ သားရဲ့ ခွန်အားကို
တိုးပွား သန်စွမ်းစေတဲ့ 
တောင်တန်းကြီး ဖြစ်တယ်။

ညဆိုတာ
အပျိုစင် သတို့ သမီးရဲ့ 
ချစ်မီး လျှံဝင်းနေတဲ့  မေတ္တာအိမ်ကို
တိမ်လို သိမ်မွေ့ 
လက် တပွေ့ နဲ့ 
မျိုးစေ့  စိုက်မွေး
မြေစေး ဖွာဖွာ
သား တရာရဲ့ 
မြေယာကောင်း ဖြစ်စေရဲ့  ။ ။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

တိလောကမုနိ ဗုဒ္ဓပူဇနိယ ပွဲတော်




မြန်မာအသင်းကိုရီးယား၏ ၁၂ ကြိမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိယ ပွဲတော်
ကို ၂၀၁၀ စက်တင်ဘာလ ၂၂ ရက်နေ့ တွင် ဘူချောန်းမြို့  ဆော့ဂွမ်စာ ကျောင်း
တိုက်အတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ ပါသည်။

အဆိုပါပွဲသို့  ကိုရီးယားနိုင်ငံအတွင်းရှိ အဖွဲ့ အစည်းများစုံလင်စွာ ပူးပေါင်းပါဝင်တက်
ရောက်ခဲ့ ကြပြီး မြန်မာ့ရိုးရာ အစားအစာများကိုလည်း စုံလင်စွာ ကြွေးမွေးလှူဒါန်းခဲ့ 
ကြပါသည်။




>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

LAZY CLUB ( Live In Korea ) 2010

စက်တင်ဘာ ၂၁ ရက်နေ့ တွင် တောင်ကိုရီးယားနိုင်ငံ ဘူချောင်န်း ပြည်သူ့ ခန်းမ
( BUCHEON CITIZEN HALL ) တွင် ကျင်းပခဲ့ သည့် ကိုရီးယားနိုင်ငံ ထေရဝါဒ
ဗုဒ္ဓဘာသာ ပြန့် ပွါးရေး ရန်ပုံငွေရရှိရေး lazy club live in korea 2010 မြန်မာအ
ထူး ဂီတပွဲတော်ကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ ပါသည်။



>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ကျွန်ုပ်နှင့် ခြင်များ

ငါ့ရဲ့ သွေး

ပေးလှူမယ် ကြိုက်သလောက်ယူ ၊

ကိုက်ချင်ရင် ကိုက်သာကိုက်

မရိုက်ဘူး ကိုယ့်လူ ။

ဒါနလို့ မှတ်ယူ

ကြည်ဖြူရဲ့  စိတ်ထား ၊

တဝီဝီ ဆူပါလို့ 

နားပူအောင် နှိပ်စက်ရင်တော့

စိတ်ကွက်တယ် အိပ်ပျက်တာမို့ 

သည်းခံကာ ခွင့်မလွှတ်နိုင်ဘု

သီလယိုင် ဒါနဝေးပါပေါ့

မနှေးပင် လက်သံပြောင်ပြောင်နဲ့ 

ဒီကောင်တွေ နိဗ္ဗာန်နီးအောင်

တီးလိုက်မယ် တအား ----- ။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

စိတ်လက်ပေါ့ပါး အမှတ် ( ၂ )


-- - More videos at မြန်မာပြည်သား

ရယ်မောခြင်းဖြင့် ဘဝအမောများ ပြေပျောက်နိုင်ကြပါစေ။






>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

စိတ်လက်ပေါ့ပါး အမှတ် ( ၁ )


-- - More videos at မြန်မာပြည်သား

ရယ်မောခြင်းဖြင့် ဘဝအမောများ ပြေပျောက်နိုင်ကြပါစေ။
>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

Google မှ Gmail ဖြင့် အခမဲ့  ဖုန်းခေါ်နိုင်ပြီ

အင်တာနက် အင်အားကြီး ကုမ္ပဏီ Google သည် သြဂုတ်လ ၂၅ ရက်နေ့မှ
စတင်၍ ၎င်း၏ Gmail စနစ်အတွင်း ဖုန်းခေါ်ဆိုနိုင်သည့် ဝန်ဆောင်မှုကို ထည့်
သွင်းခဲ့ရာ ယူအက်စ် နှင့် ကနေဒါ နိုင်ငံများရှိ ဖုန်းများသို့ အခမဲ့ ခေါ်ဆိုနိုင်ပြီး
ကျန်ကမ္ဘာ့နိုင်ငံများသို့ အလွန်သက်သာသော နှုန်းထားဖြင့် ခေါ်ဆိုနိုင်ပြီဖြစ်
ကြောင်း သိရသည်။

Gmail အတွင်းရှိ ဗီဒိယို ဆက်သွယ်ပြောဆိုမှု ကဲ့သို့ပင် ယခု အသစ်ထည့်သွင်း
လိုက်သော ဖုန်းခေါ်ဆိုမှုကို Chat window မှတစ်ဆင့် ပြုလုပ်နိုင်ပြီး voice
cancellation နည်းပညာကို အသုံးပြု ထားသောကြောင့် အသံပဲ့တင်ထပ်ခြင်း
ကို အနည်းဆုံ လျော့ချနိုင်ပြီး ကြည့်လင်ပြတ်သားစွာ ပြောဆိုနိုင်ကြောင်း
သိရသည်။




အသုံးပြုသူများသည် အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါ နိုင်ငံများသို့
အခမဲ့ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်ပြီး ကျန်ကမ္ဘာ့နိုင်ငံများသို့ ခေါ်ဆိုပါက
အခကြေးငွေ ပေးဆောင်ရမည် ဖြစ်ကာ စမ်းသပ် အသုံးပြုနိုင်ရန် Gmail
အကောင့် တစ်ခုလျင် Credit အဖြစ် 0.10 ဒေါ်လာ ထည့်သွင်းပေး
ထားသည်။



သို့သော် Google၏ နိုင်ငံတကာ ဖုန်းခေါ်ဆိုခ နှုန်းထားများမှာ သက်သာ
ပြီး Skype ကဲ့သို့သော အခြား VoIP ဝန်ဆောင်မှုများအား ၎င်း၏သက်
သာသည့် ခေါ်ဆိုခနှုန်းများဖြင့် ယှဉ်ပြိုင်သွားဖွယ်ရှိသည်။




Google ၏ နိုင်ငံတကာ တယ်လီဖုန်း ဝန်ဆောင်မှုကို အသုံးပြုလိုသော
သူများအနေဖြင့် Google Checkout စနစ်မှတစ်ဆင့် calling credit
များဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ကြာနီကန် ဆရာတော်၏ တရားတော်များ

ကြာနီကန် ဆရာတော်၏ ပဌာန်းပါဌိတော် အမှတ် (၁)





ကြာနီကန် ဆရာတော်၏ ပဌာန်းပါဌိတော် အမှတ် ( ၂ )

>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ခမရ ၄၃၅ နဲ့  ၄၃၆ တပ်ရင်း နှစ်ရင်း နှုတ်ထွက်စာတင်



ရန်ကုန်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တောင်ဥက္ကလာပမှာ အခြေစိုက်တဲ့ ခမရ
၄၃၅ နဲ့ ၄၃၆ တပ်ရင်း နှစ်ရင်းက အရာရှိအရာခံ အကြပ်တပ်သားတွေ အားလုံးနှုတ်
ထွက်စာတင်ထားပါတယ်။

တပ်ရင်းလိုက် နှုတ်ထွက်စာ တင်ထားရတဲ့ အကြောင်းရင်းက နှစ်ချက်ရှိတယ်လို့  သိ
ရပါတယ်။ အချိန်အတော်ကြာအောင် တင်ပြထားတဲ့  ရိက္ခာမလောက်ငမှု ပြဿနာနဲ့ 
တောင်းထားတဲ့ ဘဏ်စုငွေတွေ ကိစ္စကို ကနေ့ အထိ အကြောင်းပြန်ကြားခြင်း မရှိတဲ့ 
အတွက် သည်းမခံနိုင်တဲ့  အဆုံး ပြီးခဲ့ တဲ့ အပတ်ကစပြီး တစ်တပ်လုံး နှုတ်ထွက်စာ
တင်တာဖြစ်တယ်လို့  သိရပါတယ်။

ဘဏ်စုငွေနဲ့  ရိက္ခာကိစ္စ တောင်းဆိုထားတာ အချိန်ကြာမြင့်သည့်တိုင် အထက်က ဘာ
မှအရေးယူ ဆောင်ရွတ်ပေးခြင်းမရှိကြောင်း တပ်ရင်းမှူးကတစ်ဆင့်တင်ပြခဲ့ ကြောင်းသိ
ရှိရသည်။

အခုတပ်ရင်းမှူး ကိုယ်တိုင်ကပါ နှုတ်ထွက်စာတင်ထားပြီး နှုတ်ထွပ်စာတင်တဲ့ တပ်ရင်
၂ ရင်းဖြစ်ပြီး တပ်ရင်း တစ်ရင်းတွင် အင်အား ၂၀၀ ခန့် ရှိကြောင်းသိရှိရသည်။

ရဲဘော်တွေရဲ့  ဘဏ်မှာစုထားတဲ့  ဘဏ်စုငွေတွေ ပြန်ထုတ်မပေးလို့  စစ်တပ် တပ်ရင်း
တစ်ချို့ မကြေမနပ်ဖြစ်နေတာ ကြာပါပြီ။ ရဲဘော်တွေရဲ့  ဘဏ်စုငွေတွေဟာ မြန်မာ့စီးပွါး
ရေးဦးပိုင်လိမိတက်မှာရှိနေပြီး အခုထက်ထိ ပြန်ထုတ်မပေးသေးကြောင်း သိရသည်။

>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ပြည်နယ် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်များ သတ်မှတ်




တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော် တိုင်းရင်းသားလူမျိုး
မဲဆန္ဒနယ်များကို နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်
မရှင်မှ ကြေညာချက်အမှတ် (၈၈/၂၀၁၀) ထုတ်ပြန်၍ ၂၀၁၀ ပြည့်နှစ်
သြဂုတ်လ ၁၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော် တိုင်းရင်းသား
လူမျိုး မဲဆန္ဒနယ်များ ကို ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပုဒ်မ ၈(ဃ)
နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်
ပွဲ ဥပဒေ ပုဒ်မ ၄ တို့အရ ၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေး
ကောက်ပွဲ အတွက် သတ်မှတ် ကြေညာခြင်း ဖြစ်ကြောင်း ဖေါ်ပြထားသည်။

တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် တိုင်းရင်းသား
လူမျိုး မဲဆန္ဒနယ် ဆိုသည်မှာ အဆိုပါ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်
အတွင်းတွင် နေထိုင်၍ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်(သို့မဟုတ်)
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ မရရှိသည့် နိုင်ငံတော် လူဦးရေ၏ ၀.၁
ရာခိုင်နှုန်း (လူဦးရေ ၅၇ ၀၀၀) နှင့် အထက် ရှိသော တိုင်းရင်းသားလူမျိုး
များ အတွက် သတ်မှတ်သော မဲဆန္ဒနယ် ဖြစ်သည်။

ယခုသတ်မှတ်ချက်အရ ပြည်ထောင်စု တဝန်းလုံးတွင် ချင်းပြည်နယ်မှ
အပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ တွင် တိုင်းရင်းသားလူမျိုး
မဲဆန္ဒနယ် ၂၉ ခု သတ်မှတ်ထားကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် အလိုက် တိုင်းရင်းသားလူမျိုး
မဲဆန္ဒနယ် စာရင်းမှာ အောက်ပါ အတိုင်း ဖြစ်သည်။

ကချင်ပြည်နယ်လွှတ်တော်

(၁) ဗမာ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၂) ရှမ်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၃) လီဆူး တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၄) ရဝမ် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

ကယားပြည်နယ်လွှတ်တော်

(၁) ဗမာ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

ကရင်ပြည်နယ်လွှတ်တော်

(၁) ဗမာ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၂) မွန် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၃) ပအိုဝ်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်

(၁) ရှမ်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၂) ချင်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်

(၁) ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

ပဲခူးတိုင်းဒေသကြီးလွှတ်တော်

(၁) ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

မကွေးတိုင်းဒေသကြီးလွှတ်တော်

(၁) ချင်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

မန္တလေးတိုင်းဒေသကြီးလွှတ်တော်

(၁) ရှမ်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

မွန်ပြည်နယ်လွှတ်တော်

(၁) ဗမာ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၂) ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၃) ပအိုဝ်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

ရခိုင်ပြည်နယ်လွှတ်တော်

(၁) ချင်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်

(၁) ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၂) ရခိုင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

ရှမ်းပြည်နယ်လွှတ်တော်

(၁) ဗမာ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၂) ကချင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၃) လီဆူး တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၄) လားဟူ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၅) အင်းသား တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၆) အာခါ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၇) ကယန်း(ခ)ပဒေါင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်

(၁) ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၂) ရခိုင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

၎င်းမဲဆန္ဒနယ် အသီးသီး၏ မဲဆန္ဒနယ် အကျယ်အဝန်းမှာ သက်ဆိုင်ရာ
ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး တစ်ခုလုံး ဖြစ်သည်။ ဥပမာ – ဧရာ
ဝတီတိုင်းဒေသကြီး ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် အတွက်
ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းသည် ဧရာဝတီတိုင်း တစ်ခုလုံးရှိ
ကရင်တိုင်းရင်းသားလူမျိုးများ၏ မဲဆန္ဒဖြင့် အဆုံးအဖြတ် ခံယူရမည်
ဖြစ်သည်။

အဆိုပါ မဲဆန္ဒနယ်အတွက် မဲပေးပိုင်ခွင့်ရှိသော တိုင်းရင်းသားလူမျိုး
များသည် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ ကျင်းပမည့်
နိုဝင်ဘာလ ၇ ရက်နေ့တွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အတွက်
(၁)မဲ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အတွက် (၁)မဲ၊ တိုင်းဒေသကြီး
(သို့မဟုတ်) ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အတွက် (၁)မဲ အပြင်
၎င်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် အတွက် (၁)မဲ၊ စုစုပေါင်း (၄)မဲ
ပေးရမည် ဖြစ်သည်။ ဥပမာ – ဧရာဝတီတိုင်းဒေသကြီးရှိ ဗမာတိုင်း
ရင်းသားလူမျိုးများသည် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်
နှင့် တိုင်းဒေသကြီးလွှတ်တော် များအတွက် မဲ (၃)မဲ ပေးရမည် ဖြစ်
ပြီး၊ ကရင် နှင့် ရခိုင် တိုင်းရင်းသားလူမျိုးများသည် လွှတ်တော် ၃ မဲ
(၃)မဲ အပြင် တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒ
နယ် အတွက်ပါ ကိုယ်စားလှယ်လောင်း ရွေးချယ်ပေးရမည် ဖြစ်ပြီး
စုစုပေါင်း မဲ (၄)မဲ ပေးရမည် ဖြစ်သည်။
>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ကမ္ဘာ့ အကြီးဆုံး သုံးဘက်မြင် ရုပ်ကြွ 3D-TV




ကိုရီးယား အီလက်ထရွန်းနစ် ကုမ္ပဏီဆမ်ဆောင်း(Sam sung)သည် သြဂုတ်လ
(၁၁)ရက်နေ့ က ကမ္ဘာ့ အကြီးဆုံးသုံးဘက်မြင် ရုပ်ကြွ ရုပ်မြင်သံကြားစက်
(3D LED TV )ကို နယူးယောက်မြို့ တော်တွင် မိတ်ဆက်ပြသခဲ့သည်။

ထိုထောင့်ဖြတ် ၆၅ လက်မအရွယ်ရှိ 3D LED TV မှာ full HD အရည်အသွေးမြင့်
သုံးဘက်မြင်ပုံရိပ်များ ပြသနိုင်ပြီး The Samsung Experience Store တွင် မိတ်
ဆက်ပြသခဲ့ ခင်းဖြစ်သည်။

္ဒ" ပိုကြီးတဲ့ မျက်နှာပြင်မှာ ပိုပြီးအသေးစိတ်ကြတဲ့  3D ပုံရိပ်တွေကို မြင်တွေ့ ရမှာပါ။
ပိုကြီးတဲ့ ဖန်သားပြင်ကို ဖန်တီးရခြင်းရဲ့  အဓိကအချက်က ပိုတိကြပြတ်သားတဲ့ 
ပုံရိပ်တွေပြသဖို့ ပါပဲ "

ဟု samsung ၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဆိုပါသည်။ ယခု 3D LED TV သည်
samsung၏ မြောက်အမေရိက ဈေးကွက်အတွက် လက်မ ၄၀ မှ လက်မ ၆၀ ကျော်
3D LED TV လိုင်းသို့ နောက်ဆုံး ဝင်ရောက်လာသော မော်ဒယ်ဖြစ်သည်။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ခေါစာပစ်မယ်

အဟံကျွန်ုပ် မှန်တာလုပ်၍

မုသား ဗလာနှင့်

သစ္စာဝါဒီ ချဲ့ ထွင်မည် ။

ဒုက္ခလှိုင်းပိုး ခံစစ်ထိုးလို့ 

သမုဒ္ဒရာဝမ်း ခြောက်ကာခမ်းခဲ့ 

ရေကြည်တစ်ပေါက် လမ်းတွင်ပျောက်

တောင့်တလေသူ တို့ ပြည်သူ ။

ထွက်ရပ်ပေါက်အသွင် သူကြိုမြင်

အဿပြာလမ်း မြော်ကာမှန်း

ပေးကမ်းစေလို NGO

အလိမ္မာလျှာ အရိုးမပါ

ပြည်ရွာကောင်းကြိုး သူသယ်ပိုးဟု

လိမ်ညာစားသောက် သစ်စ္စာဖေါက်

ဒင်းလိုလူကို ဆကျင်လျှိုလို့ 

အပိုင်းပိုင်းထစ် ခေါစာပစ် ။ ။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ကမ္ဘာ့ပထမဆုံး 3D Camcorder



ဗီဒီယိုကင်မရာ ဝါသနာရှင်တို့  ဝမ်းသာဖွယ် သတင်းတစ်ပုဒ်ဖြစ်ပေသည်။
ဂျပန်အီလက်ထရွန်းနစ် ကုမ္ပဏီ Panasonic Corporation သည် ဇွန်လ
၂၈ ရက်နေ့ က သာမန်သုံးစွဲ သူများအတွက် ကမ္ဘာ့ ပထမဆုံး 3D ရိုက်
ကူးနိုင်မည့် Camcorder ကို ထုတ်ဖေါ်ပြသခဲ့ ရာမှန်ဘီလူး နှစ်ခု ပါဝင်
သော 3D Conversion lens ( 3D ပြောင်းလဲရေး မှန်ဘီလူး ) ကို
Camcorder တွင် တပ်ဆင်လိုက်ရုံဖြင့် မည်သူမဆို 3D ရုပ်ရှင်များ ဖန်
တီးနိုင်ကြပြီ ဖြစ်သည်။


3d ကင်မရာမှ မှန်ဘီလူးများ ရုပ်ရှင်ရိုက်ကူးရာတွင် ပုံရိပ် အနီးအဝေးအလိုက် ချိန်ညှိပုံ


3D ရိုက်ကူးနိုင်မည့် Camcorder အပြင် Panasonic ၏ 3D ထုတ်လုပ်ရေး
လိုင်း သို့  အသစ်ဝင်ရောက်လာသော ပစ္စည်းများမှ FULL HD 3D Vieraplasma
TV နှင့် 3D Bul-ray Disc player တို့ လည်းပါဝင်သည်။ ၎င်းတို့ ကို ပေါင်းစပ်
အသုံးပြုပြီး အိမ်တွင်း 3D ရုပ်ရှင်ဖန်တီးမှုနှင့်ကြည့်ရှုမှုကို အပြည့်အဝ လုပ်ဆောင်
နိုင်မည်ဖြစ်သည်။

ယခုအသစ်ထုတ်လုပ်လိုက်သော 3D Camcorder တွင် Panasonic ၏ 3 MOS
system လည်းပါဝင်မည်ဖြစ်ရာ ယခင်က Professional 3D ကင်မရာများကို
အသုံးပြု၍ ရုပ်ရှင် ထုတ်လုပ်သူများသာ ပြုလုပ်ဖန်တီးနိုင်ကြသော 3D ရုပ်ရှင်များ
ကို လူတိုင်း လွယ်ကူစွာ ပြုလုပ်နိုင်မည့် ကြီးမားသော နည်းပညာဆိုင်ရာ အပြောင်း
အလဲတစ်ခုလည်းဖြစ်သည်။

ကုမ္ပဏီမှ အဆိုပါ Camcorder ကို လာမည့် သြဂုတ်လ ၂၀ တွင် စတင်ရောင်း
ချမည် ဖြစ်ပြီးကျန်ကမ္ဘာ့ နိုင်ငံများသို့ ယခုနှစ်ဆောင်းရာသီတွင် ရောင်းချသွား
မည်ဟု ပြောကြားပါသည်။

>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

၂၀၁၀ ရွေးကောက်ပွဲ ဗြိတိန် လက်မခံ


၂၀၁၀ ရွေးကောက်ပွဲနဲ့  ပတ်သတ်တဲ့ 
ဗြိတိန်အစိုးရရဲ့  သဘောထားကို အ
ငယ်တန်း နိုင်ငံခြားရေးဝန်ကြီး ဂျယ်
ရမီဘရောင်းက ဘန်ကောက်မြို့ မှာပြော
ကြားခဲ့ပါတယ်။



မြန်မာနိုင်ငံမှာ ထောင်ဒဏ်ကျခံနေရတဲ့ ထောင်နဲ့ ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေ
ရဲ့ အခန်းကဏ္ဍကို ငြင်းပယ်ထားမယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဟာ တရားဝင်တဲ့ 
ရွေးကောက်ပွဲ တခုဖြစ်လာမှာ မဟုတ်ဘူးလို့  ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ ရောက်
ရှိပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ဖိရွန်းနဲ့ ဆွေးနွေးအပြီးမှာ ရိုက်တာသတင်း
ဌာနကို ပြောကြားခဲ့ တာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ထောင်သွင်းအကျဉ်း ချထားသမျှမှာ အဓိ
ပ္ပါယ်ရှိတဲ့ ရွေးကောက်ပွဲ တရပ်ဆိုတာ ဖြစ်နိုင်စရာမရှိဘူးလို့  ဆိုပါတယ်။

ဗြိတိသျှ အစိုးရသစ်ဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ လူ့ အခွင့်အရေးတွေ တိုး
တက်ကောင်း မွန်လာရေး ဖိအားပေးတဲ့  ပေါ်လစီကို ဆက်လက် ထောက်ခံ
အားပေး သွားမယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရရဲ့  လုပ်ရပ်တွေနဲ့  ပတ်သတ်ပြီး ဗြိတိသျှ အစိုးရအနေနဲ့  အလွန်
စိတ်ပျက်ခဲ့ ရပြီး လာမယ့်ရွေးကောက်ပွဲဟာလဲ ပြည်သူတွေရဲ့  ဆန္ဒကို တရား
ဝင်ဖေါ်ပြတဲ့  ရွေးကောက်ပွဲအဖြစ် မယူဆဘူးလို့ လည်း ပြောခဲ့ ပါတယ်။
>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

တောင်ကိုရီးယားနိုင်ငံသည်အမျိုးသမီးများသတ်သေမှုအမြင့်ဆုံး




တောင်ကိုရီးယားနိုင်ငံတွင် တနှစ်လျှင် ကိုရီးယားအမျိုးသမီး 100,000 တွင် 18.7 ဦး
မိမိကိုယ်ကို သတ်သေကြပြီး ( OECD) အသင်းဝင်နိုင်ငံများတွင် အမျိုးသမီးများ သတ်
သေမှုအမြင့်ဆုံး ဖြစ်ကြောင်း ကိုရီးယား စာရင်းအင်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနမှ
နောက်ဆုံး ထုတ်ပြန်သော စာရင်းများအရ သိရသည်။
>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ဖီးလ်ပဲ

ချစ်သူ .......

နင့်ရင်ခွင်ကြား

တူတူပုန်းတမ်း ကစားချင်တယ်

ဖီးလ်ပဲ ။

နင့်ဆံကေသာလေး

သန်းရှာပေးချင်တယ်

ဖီးလ်ပဲ ။

နင့်ဝက်ခြံများ

ညှစ် ကစားချင်တယ်

ဖီးလ်ပဲ ။

တစ်နေ့ တစ်မျိုးနဲ့ 

ကြိတ်ပိုးနေတယ်

ဖီးလ်ပဲ ။

မနေနိုင်လို့  ဖွင့်ပြောလိုက်မှ

မုဆိုးမတဲ့ ဗျ

ဒုက္ခ ........

ဒါလည်း ဖီးလ်ပဲ ။ ။
>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

မေးရက်ပ

ခေတ်ရဲ့ အမြင် ရှေ့ တန်းတင်ဖို့ 

ဆံပင်ရှည်ထား စတိုင်ထွားမှ

သန်းကလာဥ ဘောက်ထုအိမ်ဖွဲ့ 

ခေါင်းနယ်ချဲ့ တာ ခံရပါ၍

စိတ်မှာခံပြင်း တဟင်းဟင်းဖြင့်

တဗျင်းဗျင်းကုတ် သည်အလုပ်ကြောင့်

ရှုပ်လှတဲ့ ဆံပင် တက်တက်ဆင်အောင်

အပြောင်ရိတ်ကာ နေလိုက်ကာမှ

နှမသက်လယ် မေးရက်တယ်လေ

ဘယ်ကျောင်းသွားပြီး ဘယ်လိုနည်းကြောင့်

ဘုန်းကြီးဝတ်ခဲ့ တာလဲတဲ့ ။ ။
>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

တောင်ကိုရီးယားဝဘ်ဆိုက်များ DDOS နည်းဖြင့်တိုက်ခိုက်ခံရ

တောင်ကိုရီးယားနိုင်ငံတွင် သမ္မတရုံးတော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်
အပါအဝင် တောင်ကိုရီးယား အစိုးရ၏ တရားဝင် ဝဘ်ဆိုက်များ ပုဂ္ဂလိက ဘဏ်များ
၏ ဝဘ်ဆိုက်များ ဗုဒ္ဓဟူးနေ့  ညနေပိုင်းက တိုက်ခိုက်ခံခဲ့ ရသည်ဟု နိုင်ငံပိုင် တယ်
လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းမှ ပြောကြားသည်။


နိုင်ငံပိုင် Korea Communications Commission (KCC) ၏ ပြောကြားချက်
အရ သမ္မတရုံးတော် ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန အပြင်
ပုဂ္ဂလိက အဖွဲ့ အစည်းများဖြစ်သော အင်တာနက်ရှာဖွေရေး ဦးဆောင်ကော်
မတီ Naver ၊ Nonghyupဘဏ် နှင့် Korea Exchange ဘဏ်တို့ ၏ ဝဘ်ဆိုက်
များလည်း distributed denial of service ( DDOS) ဟု ခေါ်ဆိုသော ဝဘ်
ဆိုက်တစ်ခုလုံး လုပ်ဆောင်ချက်များ ရပ်တန့် သွားအောင် တိုက်ခိုက်သည့်
(DDOS) တိုက်ခိုက်နည်းဖြင့် ဗုဒ္ဓဟူးနေ့ ညနေ (၆) နာရီခန့် က တိုက်ခိုက်
ခံခဲ့ ရခြင်းဖြစ်ကြောင်း သိရသည်။

အရေးပေါ် တန်ပြန်ရေး အစီအမံများ ဆောင်ရွက်ခဲ့ ပြီး ပျက်ဆီးဆုံးရှုံးမှုတန်ဘိုး မသိ
ရသေးကြောင်း (KCC) က ပြောပါသည်။ ယ္ခုတိုက်ခိုက်မှုသည် လွန်ခဲ့ သောနှစ်က DD
OS နည်းဖြင့် ဝဘ်ဆိုက်ပေါင်း ၂၅ ခု အထိ ရပ်ဆိုင်းသွားအောင် အကြီးအကျယ်တိုက်
ခိုက်မှုကြီး ကြုံခဲ့ ပြီးနောက် တစ်နှစ်အကြာတွင် ဖြစ်ပေါ်ခဲ့ ခြင်းဖြစ်သည်။


ိ DDOSနည်းဖြင့် ဝဘ်ဆိုက်တစ်ခုအား ဝိုင်းတိုက်ခိုက်ပုံ

KCC ၏ ပြောကြားချက်အရ ယခုတိုက်ခိုက်မှုများမှာ ယမန်နှစ်က ကြုံခဲ့ သော တိုက်
ခိုက်မှုနှင့် နှိုင်းယှဉ်လျှင် အဆင့်နိမ့် ပြီး ကြီးကြီးမားမား ဒုက္ခဖြစ်နိုင်သည့် အခြေအ
နေမရှိကြောင်း ၊ အစိုးရဌာနများ အနေဖြင့် ၎င်းတို့ ၏ ဝဘ်ဆိုက်များကို ပုံတူကူးယူ
ကာ ဖြစ်လာနိုင်သော အရေးပေါ်ကိစ္စများအတွက် ကြိုတင် ပြင်ဆင်ပြီးဖြစ်ကြောင်း
လတ်တလော အနေဖြင့် တိုက်ခိုက်သည့် မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေး နေဆဲ ဖြစ်
ကြောင်း သိရသည်။
>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

လူတစ်သန်းကျော် ကြည့်ရှု့ သည့် Super Junior အဖွဲ့ 



ဇူလိုင်လ(၇)ရက်နေ့ ကထွက်ရှိသော တောင်ကိုရီးယား လူငယ်အဆိုတော် အဖွဲ့ 
SUPER JUNIOR ၏ No Other သီချင်းဗီဒီယို အသစ်ကို နှစ်သက် သဘောကျသူ
အထူးများပြားပြီး စတင်လွှင့်တင်သည့် ရက်မှ(၆)ရက် အတွင်း နာမည်ကျော်
ဗီဒီယိုရှယ်ယာဆိုက် Youtube တွင် ဝင်ရောက်ကြည့်ရှု့ သူ ၁.၂ သန်းကျော် ရှိလာ
ပြီး ကြည့်ရှု့ သူ အရေအတွက် ဆက်လက် တိုးတက်လျှက် ရှိသည်။


ထိုသီချင်း ဗီဒီယိုသည် ကြည့်ရှု့ သူများရုံသာမက ဝေဖန်ဆွေးနွေးမှုအများဆုံး ၊
နှစ်သက်သူအများဆုံးအဆင့်များဖြစ်သည့် Most Discussed ၊ Top Favorited
နှင့် Top Rated စသော Youtube ဆိုက်ပေါ်မှ အဆင့် သတ်မှတ်ချက်များ တွင်
လည်း ထိပ်ဆုံးရောက်လျှက်ရှိသည်။


Super Junior အဖွဲ့ ဝင်(၁၀)ဦး

No Other သီချင်းဗီဒီယို အသစ်ကို ကိုရီးယားနိုင်ငံသာမက ဂျပန် ၊ တိုင်ဝမ် ၊
တရုပ် ၊ ဟောင်ကောင် ၊ပြင်သစ် ၊ အီတလီ ၊ နယ်သာလန် ၊ ပိုလန် ၊ ဘရာဇီး ၊
ကနေဒါ ၊ ရုရှ နှင့် ဆွီဒင် နိုင်ငံများမှ လည်းဝင်ရောက် ကြည့်ရှု့ ကြရာ ကမ္ဘာ
တစ်ဝှမ်း ကိုရီးယား ပေါ့ဂီတ လွှမ်းမိုးမှု ကြီးထွားလာပုံနှင့် Super Junior အ
ဖွဲ့  ကျော်ကြားလာပုံ ကိုဖေါ်ပြနေခြင်းဖြစ်သည်။

ပြီးခဲ့သော သီတင်းပါတ် အတွင်းကလည်း တပါတ်အတွင်း သီချင်း Album
နှစ်သိန်းကျော် ရောင်းချခဲ့ ရသောကြောင့် တောင်ကိုရီးယား ဂီတရုပ်သံ
အစီအစဉ်များ ဖြစ်သော Music Bank နှင့် Inkigayo တို့ မှ ဂုဏ်ပြုဆုများ
ရရှိခဲ့ သော Super Junior အဖွဲ့ သည် ဇူလိုင်လ အတွက်သာမက
၂၀၁၀ ခုနှစ်အတွက် အလားအလာကောင်းများ များစွာရှိသည်ဟု
သိရသည်။


Youtube တွင်လွှင့်တင်ထားသော Super Junior ၏ No other ဗီဒီယိုသီချင်း
>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

မြန်မာ့ခေတ်ပေါ်ဒီဂျေ

>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ဆလိုင်းတင်မောင်ဦးအောက်မေ့ဖွယ်အခမ်းအနား

မဆလအစိုးရရဲ့  ကြိုးပေးသတ်ဖြတ်ခြင်းခံခဲ့ရသူ ကျောင်းသားခေါင်းဆောင် ဆလိုင်း
တင်မောင်ဦး ကွယ်လွန်ခြင်း ၃၄ နှစ်ပြည့်အမှတ်တရနှင့် နအဖအစိုးရ၏ ပြည်သူလူ
ထုအပေါ် မတရားညှင်းဆဲ သတ်ဖြတ်မှုများကို ကန့် ကွက်ရှုံ့ ချသည့် ဆန္ဒပြပွဲတစ်ခု
ယနေ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့  နအဖသံရုံးရှေ့ တွင် ကျင်းပခဲ့ပါသည်။

အဆိုပါဆန္ဒပြပွဲကို ချင်းဒီမိုကရေစီနှင့် လူ့ အခွင့်အရေးကွန်ယက်က ဦးဆောင်ခဲ့ပြီး
မြန်မာ့ဒီမိုကရေစီအရေးကို စိတ်ဝင်စားသော တိုင်းရင်းသားညီအကိုမောင်နှမများ
က ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။

ဆလိုင်းတင်မောင်ဦးကို မဆလအစိုးရက ၁၉၄၇ ခုနှစ်တွင် ဦးသန့် အရေးအခင်း
ဦးဆောင်မှုဖြင့် ဖမ်းဆီးခဲ့ပြီး ၁၉၇၆ခုနှစ် ဇွန်လ၂၆ရက်နေ့ မှာ ကြိုးပေးသတ်ခဲ့ပါတယ်။

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးလို ဒီမိုကရေစီတိုက်ပွဲအတွင်း တိုင်း
ပြည်နှင့်လူမျိုးအတွက် အသက်ပေးသွားကြသော ကျောင်းသားကျောင်းသူများနှင့်
ရဟန်းရှင်လူများအား အသိအမှတ်ပြု၍ ဂုဏ်ယူကြောင်းနှင့် မြန်မာနိုင်ငံမှာစစ်မှန်သည့်
ဒီမိုကရေစီစနစ် ပေါ်ထွန်းလာတဲ့အထိ စစ်အာဏာရှင်စနစ်အား ကန့် ကွက်ဆန့် ကျင်
သွားမှာဖြစ်ကြောင်း ကိုရီးယားနိုင်ငံ ရောက်ချင်းတိုင်းရင်းသားများကိုယ်စား ချင်းဒီမိုက
ရေစီနှင့် လူ့ အခွင့်အရေးကွန်ယက် ဥက္ကဌ မစ္စတာဂျွန်စမစ်က ပြောကြားသွားပါတယ်။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

၂၀၁၀ ရွေးကောက်ပွဲ မဲပေးစနစ်

၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်နေရာ ဘယ်ဌာနကို မဲပေးရမယ်ဆိုတဲ့ညွှန်ကြားချက်
ပုံဖြစ်ပါတယ်။ ရွေးကောက်ပွဲ မကျင်းပမှီ အချိန်မှာကတည်းက ဘယ်ဝန်ကြီးက
ဘယ်နေရာမှာ တာဝန်ထမ်းဆောင်ရမယ်ဆိုတာ စီမံချက်တွေ ရေးဆွဲပြီးနေပါပြီ။
ဒီလိုမြောက်ဦးနှောက်နဲ့  ဆင်ကြံကြံချင်တဲ့ နအဖရဲ့ လုပ်ရပ်ဟာ ဆင်သေကို
ခွေးသရေနဲ့ ဖုံးနေသလိုပါပဲ။

>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

အင်းလေးအကြောင်းတစ်စေ့တစ်စောင်း

ညောင်ရွှေမြို့ကနေ ဖောင်တော်ဦးဘုရားသွားဖို့ လှေဆိပ်မှာ လှေစီးရပါတယ်။
ဘုရားက ညောင်ရွှေမြို့ရဲ့ (၁၃)မိုင်အကွာမှာ ရှိပါတယ်။ လှေဆိပ်ကရေခန်းတဲ့
အတွက် လှေဝမ်းလည်း မြေကပ်နေပါပြီ။




ဘေးဝဲယာအိမ်အုတ်ရိုးတွေမှာ ကျန်နေတဲ့အရာတွေကို
ကြည့်ခြင်းအားဖြင့်
အရင်က ရေအမြင့်ကိုသိနိုင်ပါတယ်။



အင်းရေအပြင်အထွက် ချောင်းဘေးမှာ ခုတော့
အမှိုက်ကောက်တဲ့ ကလေးငယ်တွေနဲ့....



ဒီလိုစက်တွေနဲ့ တူးနေတာကို လမ်းတစ်လျှောက်
(၃)နေရာလောက် တွေ့ခဲ့တယ်



ရေထဲကအိမ်တွေ ခုတော့ ကုန်းပေါ်မှာတင်လို့....



တောင်တွေကာရံထားတဲ့ အလယ်မှာ အင်းလေးရေပြင်ပြာတဲ့...
(၄)မိုင်အထိ အင်းရေတွေ မပြာနိုင်ခဲ့တော့ပါဘူး
ဝါကျင်ကျင် ရွံရေတွေအဖြစ်နဲ့သာ ရှိနေပါတယ်



ဟိုးဝေးဝေးက ဘိုတဲလည်းခြေတံရိုးတွေရှည်လို့...



အင်းလယ်ခေါင် (၆)မိုင်လောက်ရောက်မှ
အင်းရေကသူ့နဂိုရုပ်အတိုင်း
နည်းနည်းပြာလာတယ်ဒါတောင်
ဟိုးဝေးဝေးက ရွာတွေက ကုန်းပေါ်တင်လို့...
လူတစ်ရပ်စာ((၅)ပေ)လောက်
ရေခန်းသွားပါသတဲ့...



အင်းရေပြင်က ကြည်လိုက်၊ နောက်လိုက်
ရေမှော်တွေ၊ သိုက်တွေနဲ့ ငါးရှာနေသူတွေ



အရင်က ဒီနေရာမှာ ဖောင်တော်တိမ်း
မှောက်ခဲ့ဖူးတယ်။တစ်ချိန်က ဟသာင်္ငှက်
နုတ်သီးအထိ ရေကြီးဖူးသတဲ့....
ခုတော့ ဟသာင်္ငှက်လည်း ရေလယ်
ခေါင်မှာရပ်ပြီး ရေငတ်လို့နေတယ်...



ဘုရားအဝင်လမ်းမှာ တချို့နေရာဆို
မြေသားတွေတောင် ပေါ်တယ်



အသွားမတော်ရင် အခုလို မော်တော်
ဆင်းတွန်းရလိမ့်မယ်"ရွာမ"
သွားတဲ့လမ်းခွဲမှာဖြစ်ပါတယ်
ရွာမရေပေါ်ဈေးလည်း ရေမရှိလို့
မလုပ်နိုင်တော့ဘူးတဲ့..



အရင် သူငယ်ချင်းတစ်ယောက်
ပို့ပေးဖူးတဲ့ပုံပါ
ရွာမ၊ ရွာမဈေးဖြစ်ပါတယ်



ဖော်တော်ဦးဘုရားကတော့ မြင်တဲ့အတိုင်းပါပဲ
လှေကားထစ်တွေတောင် ထပ်နိမ့်ထားရတယ်



ဖောင်တော်



မော်တော်ဆိုက်ရာနေရာမှာ မြေသားတွေက
ပျော့အိပျော့အိစက်လှေသမားနဲ့
ကလေးငယ်တွေက ပြောပါတယ်
"ဖြည်းဖြည်းဆင်း ကျွံကျမယ်။
အောက်က အပွါကြီးတဲ့"



အင်းသား ကောက်ညှင်းကျည်ထောက်ပါတဲ့။
(၃)စည်း ငါးရာကျပ်ဖြစ်ပါတယ်။



အများဖူးရအောင်



အင်းလေးကန်က
ဒီလိုစီးဆင်းဖြစ်တည်ပါသတဲ့...



ဘုရားဘေးက စားသောက်ဆိုင်၊ လက်ဆောင်ဆိုင်တွေဆီ
စက်လှေနဲ့မရောက်တော့ဘူး။တံတားနဲ့ပဲ ရောက်တော့တယ်။
ဟိုး အနီရောင်မှတ်တိုင်မှာ ရေအမြင့် ငါးပေဆိုတဲ့နေရာက
ရွံ့တွေနဲ့ ပေနေပါတယ်။



ဘုရားအပြန်မှာ အရင်ကလို မော်တော်တွေ ရွာထဲ
လှည့်ပတ်မပြန်နိုင်တော့ဘူး
ချောင်းတွေမှာ ရေနည်းကုန်လို့ပါ..



ရွံ့တွေ နှုန်းတွေကို ဒီလိုလည်း စုပ်ထုတ်နေကြတာပဲ
ဒီလိုစက်မျိုး (၂)နေရာလောက်တွေ့ခဲ့တယ်။
ဒါပေမယ့် ကန်ရေပြင်က ကျယ်တော့ လုပ်အားနဲ့မမျှသလိုပါပဲ..
ရေကျသွားလို့လားမသိ ဘယ်နေရာကြည့်ကြည့် မြက်ရိုင်းတွေချည်းပဲ...
ကျွန်းမျောတွေဘက် လှေနဲ့လည်း မရောက်နိုင်၊
ခြေကျင်လည်း မသွားရဲဖြစ်နေသတဲ့
မြေသားတွေပျော့ပြီး ကျွံကျမှာစိုးလို့ပါတဲ့...





ဖော်တော်ဦးဘုရားကအပြန် ညောင်ရွှေမြို့နဲ့
မနီးမဝေးက ဘုရားဘက် လှည့်ဝင်ခဲ့သေးတယ်
တောင်ကြီး-ညောင်ရွှေကားဂိတ်တောင်
ရေမရှိလို့ အဲဒီဘုရားဘက်အထိ ရွေ့ခဲ့ပြီတဲ့..



စက်လှေလည်း ရေပေါ်မဆင်းနိုင်ရှာတော့ဘူး



ညောင်ရွှေမြို့ပေါ်က ဘုရားတချို့ပါ



ညောင်ရွှေစော်ဘွား အုတ်ဂူလို့ ပြောပါတယ်
>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>