img.emoticon { padding: 0; margin: 0; border: 0; }

ခမရ ၄၃၅ နဲ့  ၄၃၆ တပ်ရင်း နှစ်ရင်း နှုတ်ထွက်စာတင်



ရန်ကုန်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တောင်ဥက္ကလာပမှာ အခြေစိုက်တဲ့ ခမရ
၄၃၅ နဲ့ ၄၃၆ တပ်ရင်း နှစ်ရင်းက အရာရှိအရာခံ အကြပ်တပ်သားတွေ အားလုံးနှုတ်
ထွက်စာတင်ထားပါတယ်။

တပ်ရင်းလိုက် နှုတ်ထွက်စာ တင်ထားရတဲ့ အကြောင်းရင်းက နှစ်ချက်ရှိတယ်လို့  သိ
ရပါတယ်။ အချိန်အတော်ကြာအောင် တင်ပြထားတဲ့  ရိက္ခာမလောက်ငမှု ပြဿနာနဲ့ 
တောင်းထားတဲ့ ဘဏ်စုငွေတွေ ကိစ္စကို ကနေ့ အထိ အကြောင်းပြန်ကြားခြင်း မရှိတဲ့ 
အတွက် သည်းမခံနိုင်တဲ့  အဆုံး ပြီးခဲ့ တဲ့ အပတ်ကစပြီး တစ်တပ်လုံး နှုတ်ထွက်စာ
တင်တာဖြစ်တယ်လို့  သိရပါတယ်။

ဘဏ်စုငွေနဲ့  ရိက္ခာကိစ္စ တောင်းဆိုထားတာ အချိန်ကြာမြင့်သည့်တိုင် အထက်က ဘာ
မှအရေးယူ ဆောင်ရွတ်ပေးခြင်းမရှိကြောင်း တပ်ရင်းမှူးကတစ်ဆင့်တင်ပြခဲ့ ကြောင်းသိ
ရှိရသည်။

အခုတပ်ရင်းမှူး ကိုယ်တိုင်ကပါ နှုတ်ထွက်စာတင်ထားပြီး နှုတ်ထွပ်စာတင်တဲ့ တပ်ရင်
၂ ရင်းဖြစ်ပြီး တပ်ရင်း တစ်ရင်းတွင် အင်အား ၂၀၀ ခန့် ရှိကြောင်းသိရှိရသည်။

ရဲဘော်တွေရဲ့  ဘဏ်မှာစုထားတဲ့  ဘဏ်စုငွေတွေ ပြန်ထုတ်မပေးလို့  စစ်တပ် တပ်ရင်း
တစ်ချို့ မကြေမနပ်ဖြစ်နေတာ ကြာပါပြီ။ ရဲဘော်တွေရဲ့  ဘဏ်စုငွေတွေဟာ မြန်မာ့စီးပွါး
ရေးဦးပိုင်လိမိတက်မှာရှိနေပြီး အခုထက်ထိ ပြန်ထုတ်မပေးသေးကြောင်း သိရသည်။

0 Response to "ခမရ ၄၃၅ နဲ့  ၄၃၆ တပ်ရင်း နှစ်ရင်း နှုတ်ထွက်စာတင်"

Post a Comment