0 Comments
Posted by
မိတ်ဆွေ ,
Labels:
စိတ်လက်ပေါ့ပါး
,
5:38 AM
-- - More videos at မြန်မာပြည်သား
ရယ်မောခြင်းဖြင့် ဘဝအမောများ ပြေပျောက်နိုင်ကြပါစေ။
အင်တာနက် အင်အားကြီး ကုမ္ပဏီ Google သည် သြဂုတ်လ ၂၅ ရက်နေ့မှ
စတင်၍ ၎င်း၏ Gmail စနစ်အတွင်း ဖုန်းခေါ်ဆိုနိုင်သည့် ဝန်ဆောင်မှုကို ထည့်
သွင်းခဲ့ရာ ယူအက်စ် နှင့် ကနေဒါ နိုင်ငံများရှိ ဖုန်းများသို့ အခမဲ့ ခေါ်ဆိုနိုင်ပြီး
ကျန်ကမ္ဘာ့နိုင်ငံများသို့ အလွန်သက်သာသော နှုန်းထားဖြင့် ခေါ်ဆိုနိုင်ပြီဖြစ်
ကြောင်း သိရသည်။
Gmail အတွင်းရှိ ဗီဒိယို ဆက်သွယ်ပြောဆိုမှု ကဲ့သို့ပင် ယခု အသစ်ထည့်သွင်း
လိုက်သော ဖုန်းခေါ်ဆိုမှုကို Chat window မှတစ်ဆင့် ပြုလုပ်နိုင်ပြီး voice
cancellation နည်းပညာကို အသုံးပြု ထားသောကြောင့် အသံပဲ့တင်ထပ်ခြင်း
ကို အနည်းဆုံ လျော့ချနိုင်ပြီး ကြည့်လင်ပြတ်သားစွာ ပြောဆိုနိုင်ကြောင်း
သိရသည်။

အသုံးပြုသူများသည် အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါ နိုင်ငံများသို့
အခမဲ့ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်ပြီး ကျန်ကမ္ဘာ့နိုင်ငံများသို့ ခေါ်ဆိုပါက
အခကြေးငွေ ပေးဆောင်ရမည် ဖြစ်ကာ စမ်းသပ် အသုံးပြုနိုင်ရန် Gmail
အကောင့် တစ်ခုလျင် Credit အဖြစ် 0.10 ဒေါ်လာ ထည့်သွင်းပေး
ထားသည်။

သို့သော် Google၏ နိုင်ငံတကာ ဖုန်းခေါ်ဆိုခ နှုန်းထားများမှာ သက်သာ
ပြီး Skype ကဲ့သို့သော အခြား VoIP ဝန်ဆောင်မှုများအား ၎င်း၏သက်
သာသည့် ခေါ်ဆိုခနှုန်းများဖြင့် ယှဉ်ပြိုင်သွားဖွယ်ရှိသည်။

Google ၏ နိုင်ငံတကာ တယ်လီဖုန်း ဝန်ဆောင်မှုကို အသုံးပြုလိုသော
သူများအနေဖြင့် Google Checkout စနစ်မှတစ်ဆင့် calling credit
များဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>
စတင်၍ ၎င်း၏ Gmail စနစ်အတွင်း ဖုန်းခေါ်ဆိုနိုင်သည့် ဝန်ဆောင်မှုကို ထည့်
သွင်းခဲ့ရာ ယူအက်စ် နှင့် ကနေဒါ နိုင်ငံများရှိ ဖုန်းများသို့ အခမဲ့ ခေါ်ဆိုနိုင်ပြီး
ကျန်ကမ္ဘာ့နိုင်ငံများသို့ အလွန်သက်သာသော နှုန်းထားဖြင့် ခေါ်ဆိုနိုင်ပြီဖြစ်
ကြောင်း သိရသည်။
Gmail အတွင်းရှိ ဗီဒိယို ဆက်သွယ်ပြောဆိုမှု ကဲ့သို့ပင် ယခု အသစ်ထည့်သွင်း
လိုက်သော ဖုန်းခေါ်ဆိုမှုကို Chat window မှတစ်ဆင့် ပြုလုပ်နိုင်ပြီး voice
cancellation နည်းပညာကို အသုံးပြု ထားသောကြောင့် အသံပဲ့တင်ထပ်ခြင်း
ကို အနည်းဆုံ လျော့ချနိုင်ပြီး ကြည့်လင်ပြတ်သားစွာ ပြောဆိုနိုင်ကြောင်း
သိရသည်။

အသုံးပြုသူများသည် အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါ နိုင်ငံများသို့
အခမဲ့ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်ပြီး ကျန်ကမ္ဘာ့နိုင်ငံများသို့ ခေါ်ဆိုပါက
အခကြေးငွေ ပေးဆောင်ရမည် ဖြစ်ကာ စမ်းသပ် အသုံးပြုနိုင်ရန် Gmail
အကောင့် တစ်ခုလျင် Credit အဖြစ် 0.10 ဒေါ်လာ ထည့်သွင်းပေး
ထားသည်။

သို့သော် Google၏ နိုင်ငံတကာ ဖုန်းခေါ်ဆိုခ နှုန်းထားများမှာ သက်သာ
ပြီး Skype ကဲ့သို့သော အခြား VoIP ဝန်ဆောင်မှုများအား ၎င်း၏သက်
သာသည့် ခေါ်ဆိုခနှုန်းများဖြင့် ယှဉ်ပြိုင်သွားဖွယ်ရှိသည်။

Google ၏ နိုင်ငံတကာ တယ်လီဖုန်း ဝန်ဆောင်မှုကို အသုံးပြုလိုသော
သူများအနေဖြင့် Google Checkout စနစ်မှတစ်ဆင့် calling credit
များဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
ကြာနီကန် ဆရာတော်၏ ပဌာန်းပါဌိတော် အမှတ် (၁)
ကြာနီကန် ဆရာတော်၏ ပဌာန်းပါဌိတော် အမှတ် ( ၂ )
>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>
ကြာနီကန် ဆရာတော်၏ ပဌာန်းပါဌိတော် အမှတ် ( ၂ )

ရန်ကုန်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တောင်ဥက္ကလာပမှာ အခြေစိုက်တဲ့ ခမရ
၄၃၅ နဲ့ ၄၃၆ တပ်ရင်း နှစ်ရင်းက အရာရှိအရာခံ အကြပ်တပ်သားတွေ အားလုံးနှုတ်
ထွက်စာတင်ထားပါတယ်။
တပ်ရင်းလိုက် နှုတ်ထွက်စာ တင်ထားရတဲ့ အကြောင်းရင်းက နှစ်ချက်ရှိတယ်လို့  သိ
ရပါတယ်။ အချိန်အတော်ကြာအောင် တင်ပြထားတဲ့  ရိက္ခာမလောက်ငမှု ပြဿနာနဲ့ 
တောင်းထားတဲ့ ဘဏ်စုငွေတွေ ကိစ္စကို ကနေ့ အထိ အကြောင်းပြန်ကြားခြင်း မရှိတဲ့ 
အတွက် သည်းမခံနိုင်တဲ့  အဆုံး ပြီးခဲ့ တဲ့ အပတ်ကစပြီး တစ်တပ်လုံး နှုတ်ထွက်စာ
တင်တာဖြစ်တယ်လို့  သိရပါတယ်။
ဘဏ်စုငွေနဲ့  ရိက္ခာကိစ္စ တောင်းဆိုထားတာ အချိန်ကြာမြင့်သည့်တိုင် အထက်က ဘာ
မှအရေးယူ ဆောင်ရွတ်ပေးခြင်းမရှိကြောင်း တပ်ရင်းမှူးကတစ်ဆင့်တင်ပြခဲ့ ကြောင်းသိ
ရှိရသည်။
အခုတပ်ရင်းမှူး ကိုယ်တိုင်ကပါ နှုတ်ထွက်စာတင်ထားပြီး နှုတ်ထွပ်စာတင်တဲ့ တပ်ရင်
၂ ရင်းဖြစ်ပြီး တပ်ရင်း တစ်ရင်းတွင် အင်အား ၂၀၀ ခန့် ရှိကြောင်းသိရှိရသည်။
ရဲဘော်တွေရဲ့  ဘဏ်မှာစုထားတဲ့  ဘဏ်စုငွေတွေ ပြန်ထုတ်မပေးလို့  စစ်တပ် တပ်ရင်း
တစ်ချို့ မကြေမနပ်ဖြစ်နေတာ ကြာပါပြီ။ ရဲဘော်တွေရဲ့  ဘဏ်စုငွေတွေဟာ မြန်မာ့စီးပွါး
ရေးဦးပိုင်လိမိတက်မှာရှိနေပြီး အခုထက်ထိ ပြန်ထုတ်မပေးသေးကြောင်း သိရသည်။

တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော် တိုင်းရင်းသားလူမျိုး
မဲဆန္ဒနယ်များကို နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်
မရှင်မှ ကြေညာချက်အမှတ် (၈၈/၂၀၁၀) ထုတ်ပြန်၍ ၂၀၁၀ ပြည့်နှစ်
သြဂုတ်လ ၁၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော် တိုင်းရင်းသား
လူမျိုး မဲဆန္ဒနယ်များ ကို ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပုဒ်မ ၈(ဃ)
နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်
ပွဲ ဥပဒေ ပုဒ်မ ၄ တို့အရ ၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေး
ကောက်ပွဲ အတွက် သတ်မှတ် ကြေညာခြင်း ဖြစ်ကြောင်း ဖေါ်ပြထားသည်။
တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် တိုင်းရင်းသား
လူမျိုး မဲဆန္ဒနယ် ဆိုသည်မှာ အဆိုပါ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်
အတွင်းတွင် နေထိုင်၍ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်(သို့မဟုတ်)
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ မရရှိသည့် နိုင်ငံတော် လူဦးရေ၏ ၀.၁
ရာခိုင်နှုန်း (လူဦးရေ ၅၇ ၀၀၀) နှင့် အထက် ရှိသော တိုင်းရင်းသားလူမျိုး
များ အတွက် သတ်မှတ်သော မဲဆန္ဒနယ် ဖြစ်သည်။
ယခုသတ်မှတ်ချက်အရ ပြည်ထောင်စု တဝန်းလုံးတွင် ချင်းပြည်နယ်မှ
အပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ တွင် တိုင်းရင်းသားလူမျိုး
မဲဆန္ဒနယ် ၂၉ ခု သတ်မှတ်ထားကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် အလိုက် တိုင်းရင်းသားလူမျိုး
မဲဆန္ဒနယ် စာရင်းမှာ အောက်ပါ အတိုင်း ဖြစ်သည်။
ကချင်ပြည်နယ်လွှတ်တော်
(၁) ဗမာ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
(၂) ရှမ်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
(၃) လီဆူး တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
(၄) ရဝမ် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
ကယားပြည်နယ်လွှတ်တော်
(၁) ဗမာ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
ကရင်ပြည်နယ်လွှတ်တော်
(၁) ဗမာ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
(၂) မွန် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
(၃) ပအိုဝ်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်
(၁) ရှမ်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
(၂) ချင်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်
(၁) ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
(၁) ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
မကွေးတိုင်းဒေသကြီးလွှတ်တော်
(၁) ချင်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
မန္တလေးတိုင်းဒေသကြီးလွှတ်တော်
(၁) ရှမ်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
မွန်ပြည်နယ်လွှတ်တော်
(၁) ဗမာ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
(၂) ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
(၃) ပအိုဝ်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
ရခိုင်ပြည်နယ်လွှတ်တော်
(၁) ချင်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
(၁) ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
(၂) ရခိုင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
ရှမ်းပြည်နယ်လွှတ်တော်
(၁) ဗမာ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
(၂) ကချင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
(၃) လီဆူး တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
(၄) လားဟူ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
(၅) အင်းသား တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
(၆) အာခါ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
(၇) ကယန်း(ခ)ပဒေါင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်
(၁) ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
(၂) ရခိုင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
၎င်းမဲဆန္ဒနယ် အသီးသီး၏ မဲဆန္ဒနယ် အကျယ်အဝန်းမှာ သက်ဆိုင်ရာ
ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး တစ်ခုလုံး ဖြစ်သည်။ ဥပမာ – ဧရာ
ဝတီတိုင်းဒေသကြီး ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် အတွက်
ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းသည် ဧရာဝတီတိုင်း တစ်ခုလုံးရှိ
ကရင်တိုင်းရင်းသားလူမျိုးများ၏ မဲဆန္ဒဖြင့် အဆုံးအဖြတ် ခံယူရမည်
ဖြစ်သည်။
အဆိုပါ မဲဆန္ဒနယ်အတွက် မဲပေးပိုင်ခွင့်ရှိသော တိုင်းရင်းသားလူမျိုး
များသည် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ ကျင်းပမည့်
နိုဝင်ဘာလ ၇ ရက်နေ့တွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အတွက်
(၁)မဲ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အတွက် (၁)မဲ၊ တိုင်းဒေသကြီး
(သို့မဟုတ်) ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အတွက် (၁)မဲ အပြင်
၎င်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် အတွက် (၁)မဲ၊ စုစုပေါင်း (၄)မဲ
ပေးရမည် ဖြစ်သည်။ ဥပမာ – ဧရာဝတီတိုင်းဒေသကြီးရှိ ဗမာတိုင်း
ရင်းသားလူမျိုးများသည် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်
နှင့် တိုင်းဒေသကြီးလွှတ်တော် များအတွက် မဲ (၃)မဲ ပေးရမည် ဖြစ်
ပြီး၊ ကရင် နှင့် ရခိုင် တိုင်းရင်းသားလူမျိုးများသည် လွှတ်တော် ၃ မဲ
(၃)မဲ အပြင် တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒ
နယ် အတွက်ပါ ကိုယ်စားလှယ်လောင်း ရွေးချယ်ပေးရမည် ဖြစ်ပြီး
စုစုပေါင်း မဲ (၄)မဲ ပေးရမည် ဖြစ်သည်။

ကိုရီးယား အီလက်ထရွန်းနစ် ကုမ္ပဏီဆမ်ဆောင်း(Sam sung)သည် သြဂုတ်လ
(၁၁)ရက်နေ့ က ကမ္ဘာ့ အကြီးဆုံးသုံးဘက်မြင် ရုပ်ကြွ ရုပ်မြင်သံကြားစက်
(3D LED TV )ကို နယူးယောက်မြို့ တော်တွင် မိတ်ဆက်ပြသခဲ့သည်။
ထိုထောင့်ဖြတ် ၆၅ လက်မအရွယ်ရှိ 3D LED TV မှာ full HD အရည်အသွေးမြင့်
သုံးဘက်မြင်ပုံရိပ်များ ပြသနိုင်ပြီး The Samsung Experience Store တွင် မိတ်
ဆက်ပြသခဲ့ ခင်းဖြစ်သည်။
္ဒ" ပိုကြီးတဲ့ မျက်နှာပြင်မှာ ပိုပြီးအသေးစိတ်ကြတဲ့  3D ပုံရိပ်တွေကို မြင်တွေ့ ရမှာပါ။
ပိုကြီးတဲ့ ဖန်သားပြင်ကို ဖန်တီးရခြင်းရဲ့  အဓိကအချက်က ပိုတိကြပြတ်သားတဲ့ 
ပုံရိပ်တွေပြသဖို့ ပါပဲ "
ဟု samsung ၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဆိုပါသည်။ ယခု 3D LED TV သည်
samsung၏ မြောက်အမေရိက ဈေးကွက်အတွက် လက်မ ၄၀ မှ လက်မ ၆၀ ကျော်
3D LED TV လိုင်းသို့ နောက်ဆုံး ဝင်ရောက်လာသော မော်ဒယ်ဖြစ်သည်။
အဟံကျွန်ုပ် မှန်တာလုပ်၍
မုသား ဗလာနှင့်
သစ္စာဝါဒီ ချဲ့ ထွင်မည် ။
ဒုက္ခလှိုင်းပိုး ခံစစ်ထိုးလို့ 
သမုဒ္ဒရာဝမ်း ခြောက်ကာခမ်းခဲ့ 
ရေကြည်တစ်ပေါက် လမ်းတွင်ပျောက်
တောင့်တလေသူ တို့ ပြည်သူ ။
ထွက်ရပ်ပေါက်အသွင် သူကြိုမြင်
အဿပြာလမ်း မြော်ကာမှန်း
ပေးကမ်းစေလို NGO
အလိမ္မာလျှာ အရိုးမပါ
ပြည်ရွာကောင်းကြိုး သူသယ်ပိုးဟု
လိမ်ညာစားသောက် သစ်စ္စာဖေါက်
ဒင်းလိုလူကို ဆကျင်လျှိုလို့ 
အပိုင်းပိုင်းထစ် ခေါစာပစ် ။ ။
>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>
မုသား ဗလာနှင့်
သစ္စာဝါဒီ ချဲ့ ထွင်မည် ။
ဒုက္ခလှိုင်းပိုး ခံစစ်ထိုးလို့ 
သမုဒ္ဒရာဝမ်း ခြောက်ကာခမ်းခဲ့ 
ရေကြည်တစ်ပေါက် လမ်းတွင်ပျောက်
တောင့်တလေသူ တို့ ပြည်သူ ။
ထွက်ရပ်ပေါက်အသွင် သူကြိုမြင်
အဿပြာလမ်း မြော်ကာမှန်း
ပေးကမ်းစေလို NGO
အလိမ္မာလျှာ အရိုးမပါ
ပြည်ရွာကောင်းကြိုး သူသယ်ပိုးဟု
လိမ်ညာစားသောက် သစ်စ္စာဖေါက်
ဒင်းလိုလူကို ဆကျင်လျှိုလို့ 
အပိုင်းပိုင်းထစ် ခေါစာပစ် ။ ။
Posted by
မိတ်ဆွေ ,
Labels:
မြန်မာသတင်း
,
7:08 AM
ဗီဒီယိုကင်မရာ ဝါသနာရှင်တို့  ဝမ်းသာဖွယ် သတင်းတစ်ပုဒ်ဖြစ်ပေသည်။
ဂျပန်အီလက်ထရွန်းနစ် ကုမ္ပဏီ Panasonic Corporation သည် ဇွန်လ
၂၈ ရက်နေ့ က သာမန်သုံးစွဲ သူများအတွက် ကမ္ဘာ့ ပထမဆုံး 3D ရိုက်
ကူးနိုင်မည့် Camcorder ကို ထုတ်ဖေါ်ပြသခဲ့ ရာမှန်ဘီလူး နှစ်ခု ပါဝင်
သော 3D Conversion lens ( 3D ပြောင်းလဲရေး မှန်ဘီလူး ) ကို
Camcorder တွင် တပ်ဆင်လိုက်ရုံဖြင့် မည်သူမဆို 3D ရုပ်ရှင်များ ဖန်
တီးနိုင်ကြပြီ ဖြစ်သည်။

3d ကင်မရာမှ မှန်ဘီလူးများ ရုပ်ရှင်ရိုက်ကူးရာတွင် ပုံရိပ် အနီးအဝေးအလိုက် ချိန်ညှိပုံ
3D ရိုက်ကူးနိုင်မည့် Camcorder အပြင် Panasonic ၏ 3D ထုတ်လုပ်ရေး
လိုင်း သို့  အသစ်ဝင်ရောက်လာသော ပစ္စည်းများမှ FULL HD 3D Vieraplasma
TV နှင့် 3D Bul-ray Disc player တို့ လည်းပါဝင်သည်။ ၎င်းတို့ ကို ပေါင်းစပ်
အသုံးပြုပြီး အိမ်တွင်း 3D ရုပ်ရှင်ဖန်တီးမှုနှင့်ကြည့်ရှုမှုကို အပြည့်အဝ လုပ်ဆောင်
နိုင်မည်ဖြစ်သည်။
ယခုအသစ်ထုတ်လုပ်လိုက်သော 3D Camcorder တွင် Panasonic ၏ 3 MOS
system လည်းပါဝင်မည်ဖြစ်ရာ ယခင်က Professional 3D ကင်မရာများကို
အသုံးပြု၍ ရုပ်ရှင် ထုတ်လုပ်သူများသာ ပြုလုပ်ဖန်တီးနိုင်ကြသော 3D ရုပ်ရှင်များ
ကို လူတိုင်း လွယ်ကူစွာ ပြုလုပ်နိုင်မည့် ကြီးမားသော နည်းပညာဆိုင်ရာ အပြောင်း
အလဲတစ်ခုလည်းဖြစ်သည်။
ကုမ္ပဏီမှ အဆိုပါ Camcorder ကို လာမည့် သြဂုတ်လ ၂၀ တွင် စတင်ရောင်း
ချမည် ဖြစ်ပြီးကျန်ကမ္ဘာ့ နိုင်ငံများသို့ ယခုနှစ်ဆောင်းရာသီတွင် ရောင်းချသွား
မည်ဟု ပြောကြားပါသည်။

၂၀၁၀ ရွေးကောက်ပွဲနဲ့  ပတ်သတ်တဲ့ 
ဗြိတိန်အစိုးရရဲ့  သဘောထားကို အ
ငယ်တန်း နိုင်ငံခြားရေးဝန်ကြီး ဂျယ်
ရမီဘရောင်းက ဘန်ကောက်မြို့ မှာပြော
ကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ထောင်ဒဏ်ကျခံနေရတဲ့ ထောင်နဲ့ ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေ
ရဲ့ အခန်းကဏ္ဍကို ငြင်းပယ်ထားမယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဟာ တရားဝင်တဲ့ 
ရွေးကောက်ပွဲ တခုဖြစ်လာမှာ မဟုတ်ဘူးလို့  ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ ရောက်
ရှိပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ဖိရွန်းနဲ့ ဆွေးနွေးအပြီးမှာ ရိုက်တာသတင်း
ဌာနကို ပြောကြားခဲ့ တာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ထောင်သွင်းအကျဉ်း ချထားသမျှမှာ အဓိ
ပ္ပါယ်ရှိတဲ့ ရွေးကောက်ပွဲ တရပ်ဆိုတာ ဖြစ်နိုင်စရာမရှိဘူးလို့  ဆိုပါတယ်။
ဗြိတိသျှ အစိုးရသစ်ဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ လူ့ အခွင့်အရေးတွေ တိုး
တက်ကောင်း မွန်လာရေး ဖိအားပေးတဲ့  ပေါ်လစီကို ဆက်လက် ထောက်ခံ
အားပေး သွားမယ်လို့ ဆိုပါတယ်။
မြန်မာအစိုးရရဲ့  လုပ်ရပ်တွေနဲ့  ပတ်သတ်ပြီး ဗြိတိသျှ အစိုးရအနေနဲ့  အလွန်
စိတ်ပျက်ခဲ့ ရပြီး လာမယ့်ရွေးကောက်ပွဲဟာလဲ ပြည်သူတွေရဲ့  ဆန္ဒကို တရား
ဝင်ဖေါ်ပြတဲ့  ရွေးကောက်ပွဲအဖြစ် မယူဆဘူးလို့ လည်း ပြောခဲ့ ပါတယ်။
Posted by
မိတ်ဆွေ ,
Labels:
ကိုရီးယားသတင်း
,
10:13 PM
တောင်ကိုရီးယားနိုင်ငံတွင် တနှစ်လျှင် ကိုရီးယားအမျိုးသမီး 100,000 တွင် 18.7 ဦး
မိမိကိုယ်ကို သတ်သေကြပြီး ( OECD) အသင်းဝင်နိုင်ငံများတွင် အမျိုးသမီးများ သတ်
သေမှုအမြင့်ဆုံး ဖြစ်ကြောင်း ကိုရီးယား စာရင်းအင်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနမှ
နောက်ဆုံး ထုတ်ပြန်သော စာရင်းများအရ သိရသည်။
ချစ်သူ .......
နင့်ရင်ခွင်ကြား
တူတူပုန်းတမ်း ကစားချင်တယ်
ဖီးလ်ပဲ ။
နင့်ဆံကေသာလေး
သန်းရှာပေးချင်တယ်
ဖီးလ်ပဲ ။
နင့်ဝက်ခြံများ
ညှစ် ကစားချင်တယ်
ဖီးလ်ပဲ ။
တစ်နေ့ တစ်မျိုးနဲ့ 
ကြိတ်ပိုးနေတယ်
ဖီးလ်ပဲ ။
မနေနိုင်လို့  ဖွင့်ပြောလိုက်မှ
မုဆိုးမတဲ့ ဗျ
ဒုက္ခ ........
ဒါလည်း ဖီးလ်ပဲ ။ ။
>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>
နင့်ရင်ခွင်ကြား
တူတူပုန်းတမ်း ကစားချင်တယ်
ဖီးလ်ပဲ ။
နင့်ဆံကေသာလေး
သန်းရှာပေးချင်တယ်
ဖီးလ်ပဲ ။
နင့်ဝက်ခြံများ
ညှစ် ကစားချင်တယ်
ဖီးလ်ပဲ ။
တစ်နေ့ တစ်မျိုးနဲ့ 
ကြိတ်ပိုးနေတယ်
ဖီးလ်ပဲ ။
မနေနိုင်လို့  ဖွင့်ပြောလိုက်မှ
မုဆိုးမတဲ့ ဗျ
ဒုက္ခ ........
ဒါလည်း ဖီးလ်ပဲ ။ ။
ခေတ်ရဲ့ အမြင် ရှေ့ တန်းတင်ဖို့ 
ဆံပင်ရှည်ထား စတိုင်ထွားမှ
သန်းကလာဥ ဘောက်ထုအိမ်ဖွဲ့ 
ခေါင်းနယ်ချဲ့ တာ ခံရပါ၍
စိတ်မှာခံပြင်း တဟင်းဟင်းဖြင့်
တဗျင်းဗျင်းကုတ် သည်အလုပ်ကြောင့်
ရှုပ်လှတဲ့ ဆံပင် တက်တက်ဆင်အောင်
အပြောင်ရိတ်ကာ နေလိုက်ကာမှ
နှမသက်လယ် မေးရက်တယ်လေ
ဘယ်ကျောင်းသွားပြီး ဘယ်လိုနည်းကြောင့်
ဘုန်းကြီးဝတ်ခဲ့ တာလဲတဲ့ ။ ။
>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>
ဆံပင်ရှည်ထား စတိုင်ထွားမှ
သန်းကလာဥ ဘောက်ထုအိမ်ဖွဲ့ 
ခေါင်းနယ်ချဲ့ တာ ခံရပါ၍
စိတ်မှာခံပြင်း တဟင်းဟင်းဖြင့်
တဗျင်းဗျင်းကုတ် သည်အလုပ်ကြောင့်
ရှုပ်လှတဲ့ ဆံပင် တက်တက်ဆင်အောင်
အပြောင်ရိတ်ကာ နေလိုက်ကာမှ
နှမသက်လယ် မေးရက်တယ်လေ
ဘယ်ကျောင်းသွားပြီး ဘယ်လိုနည်းကြောင့်
ဘုန်းကြီးဝတ်ခဲ့ တာလဲတဲ့ ။ ။
တောင်ကိုရီးယားနိုင်ငံတွင် သမ္မတရုံးတော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်
အပါအဝင် တောင်ကိုရီးယား အစိုးရ၏ တရားဝင် ဝဘ်ဆိုက်များ ပုဂ္ဂလိက ဘဏ်များ
၏ ဝဘ်ဆိုက်များ ဗုဒ္ဓဟူးနေ့  ညနေပိုင်းက တိုက်ခိုက်ခံခဲ့ ရသည်ဟု နိုင်ငံပိုင် တယ်
လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းမှ ပြောကြားသည်။
နိုင်ငံပိုင် Korea Communications Commission (KCC) ၏ ပြောကြားချက်
အရ သမ္မတရုံးတော် ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန အပြင်
ပုဂ္ဂလိက အဖွဲ့ အစည်းများဖြစ်သော အင်တာနက်ရှာဖွေရေး ဦးဆောင်ကော်
မတီ Naver ၊ Nonghyupဘဏ် နှင့် Korea Exchange ဘဏ်တို့ ၏ ဝဘ်ဆိုက်
များလည်း distributed denial of service ( DDOS) ဟု ခေါ်ဆိုသော ဝဘ်
ဆိုက်တစ်ခုလုံး လုပ်ဆောင်ချက်များ ရပ်တန့် သွားအောင် တိုက်ခိုက်သည့်
(DDOS) တိုက်ခိုက်နည်းဖြင့် ဗုဒ္ဓဟူးနေ့ ညနေ (၆) နာရီခန့် က တိုက်ခိုက်
ခံခဲ့ ရခြင်းဖြစ်ကြောင်း သိရသည်။
အရေးပေါ် တန်ပြန်ရေး အစီအမံများ ဆောင်ရွက်ခဲ့ ပြီး ပျက်ဆီးဆုံးရှုံးမှုတန်ဘိုး မသိ
ရသေးကြောင်း (KCC) က ပြောပါသည်။ ယ္ခုတိုက်ခိုက်မှုသည် လွန်ခဲ့ သောနှစ်က DD
OS နည်းဖြင့် ဝဘ်ဆိုက်ပေါင်း ၂၅ ခု အထိ ရပ်ဆိုင်းသွားအောင် အကြီးအကျယ်တိုက်
ခိုက်မှုကြီး ကြုံခဲ့ ပြီးနောက် တစ်နှစ်အကြာတွင် ဖြစ်ပေါ်ခဲ့ ခြင်းဖြစ်သည်။

ိ DDOSနည်းဖြင့် ဝဘ်ဆိုက်တစ်ခုအား ဝိုင်းတိုက်ခိုက်ပုံ
KCC ၏ ပြောကြားချက်အရ ယခုတိုက်ခိုက်မှုများမှာ ယမန်နှစ်က ကြုံခဲ့ သော တိုက်
ခိုက်မှုနှင့် နှိုင်းယှဉ်လျှင် အဆင့်နိမ့် ပြီး ကြီးကြီးမားမား ဒုက္ခဖြစ်နိုင်သည့် အခြေအ
နေမရှိကြောင်း ၊ အစိုးရဌာနများ အနေဖြင့် ၎င်းတို့ ၏ ဝဘ်ဆိုက်များကို ပုံတူကူးယူ
ကာ ဖြစ်လာနိုင်သော အရေးပေါ်ကိစ္စများအတွက် ကြိုတင် ပြင်ဆင်ပြီးဖြစ်ကြောင်း
လတ်တလော အနေဖြင့် တိုက်ခိုက်သည့် မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေး နေဆဲ ဖြစ်
ကြောင်း သိရသည်။
>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>
အပါအဝင် တောင်ကိုရီးယား အစိုးရ၏ တရားဝင် ဝဘ်ဆိုက်များ ပုဂ္ဂလိက ဘဏ်များ
၏ ဝဘ်ဆိုက်များ ဗုဒ္ဓဟူးနေ့  ညနေပိုင်းက တိုက်ခိုက်ခံခဲ့ ရသည်ဟု နိုင်ငံပိုင် တယ်
လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းမှ ပြောကြားသည်။
နိုင်ငံပိုင် Korea Communications Commission (KCC) ၏ ပြောကြားချက်
အရ သမ္မတရုံးတော် ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန အပြင်
ပုဂ္ဂလိက အဖွဲ့ အစည်းများဖြစ်သော အင်တာနက်ရှာဖွေရေး ဦးဆောင်ကော်
မတီ Naver ၊ Nonghyupဘဏ် နှင့် Korea Exchange ဘဏ်တို့ ၏ ဝဘ်ဆိုက်
များလည်း distributed denial of service ( DDOS) ဟု ခေါ်ဆိုသော ဝဘ်
ဆိုက်တစ်ခုလုံး လုပ်ဆောင်ချက်များ ရပ်တန့် သွားအောင် တိုက်ခိုက်သည့်
(DDOS) တိုက်ခိုက်နည်းဖြင့် ဗုဒ္ဓဟူးနေ့ ညနေ (၆) နာရီခန့် က တိုက်ခိုက်
ခံခဲ့ ရခြင်းဖြစ်ကြောင်း သိရသည်။
အရေးပေါ် တန်ပြန်ရေး အစီအမံများ ဆောင်ရွက်ခဲ့ ပြီး ပျက်ဆီးဆုံးရှုံးမှုတန်ဘိုး မသိ
ရသေးကြောင်း (KCC) က ပြောပါသည်။ ယ္ခုတိုက်ခိုက်မှုသည် လွန်ခဲ့ သောနှစ်က DD
OS နည်းဖြင့် ဝဘ်ဆိုက်ပေါင်း ၂၅ ခု အထိ ရပ်ဆိုင်းသွားအောင် အကြီးအကျယ်တိုက်
ခိုက်မှုကြီး ကြုံခဲ့ ပြီးနောက် တစ်နှစ်အကြာတွင် ဖြစ်ပေါ်ခဲ့ ခြင်းဖြစ်သည်။

ိ DDOSနည်းဖြင့် ဝဘ်ဆိုက်တစ်ခုအား ဝိုင်းတိုက်ခိုက်ပုံ
KCC ၏ ပြောကြားချက်အရ ယခုတိုက်ခိုက်မှုများမှာ ယမန်နှစ်က ကြုံခဲ့ သော တိုက်
ခိုက်မှုနှင့် နှိုင်းယှဉ်လျှင် အဆင့်နိမ့် ပြီး ကြီးကြီးမားမား ဒုက္ခဖြစ်နိုင်သည့် အခြေအ
နေမရှိကြောင်း ၊ အစိုးရဌာနများ အနေဖြင့် ၎င်းတို့ ၏ ဝဘ်ဆိုက်များကို ပုံတူကူးယူ
ကာ ဖြစ်လာနိုင်သော အရေးပေါ်ကိစ္စများအတွက် ကြိုတင် ပြင်ဆင်ပြီးဖြစ်ကြောင်း
လတ်တလော အနေဖြင့် တိုက်ခိုက်သည့် မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေး နေဆဲ ဖြစ်
ကြောင်း သိရသည်။
Posted by
မိတ်ဆွေ ,
Labels:
ကိုရီးယားသတင်း
,
7:06 AM
ဇူလိုင်လ(၇)ရက်နေ့ ကထွက်ရှိသော တောင်ကိုရီးယား လူငယ်အဆိုတော် အဖွဲ့ 
SUPER JUNIOR ၏ No Other သီချင်းဗီဒီယို အသစ်ကို နှစ်သက် သဘောကျသူ
အထူးများပြားပြီး စတင်လွှင့်တင်သည့် ရက်မှ(၆)ရက် အတွင်း နာမည်ကျော်
ဗီဒီယိုရှယ်ယာဆိုက် Youtube တွင် ဝင်ရောက်ကြည့်ရှု့ သူ ၁.၂ သန်းကျော် ရှိလာ
ပြီး ကြည့်ရှု့ သူ အရေအတွက် ဆက်လက် တိုးတက်လျှက် ရှိသည်။
ထိုသီချင်း ဗီဒီယိုသည် ကြည့်ရှု့ သူများရုံသာမက ဝေဖန်ဆွေးနွေးမှုအများဆုံး ၊
နှစ်သက်သူအများဆုံးအဆင့်များဖြစ်သည့် Most Discussed ၊ Top Favorited
နှင့် Top Rated စသော Youtube ဆိုက်ပေါ်မှ အဆင့် သတ်မှတ်ချက်များ တွင်
လည်း ထိပ်ဆုံးရောက်လျှက်ရှိသည်။

Super Junior အဖွဲ့ ဝင်(၁၀)ဦး
No Other သီချင်းဗီဒီယို အသစ်ကို ကိုရီးယားနိုင်ငံသာမက ဂျပန် ၊ တိုင်ဝမ် ၊
တရုပ် ၊ ဟောင်ကောင် ၊ပြင်သစ် ၊ အီတလီ ၊ နယ်သာလန် ၊ ပိုလန် ၊ ဘရာဇီး ၊
ကနေဒါ ၊ ရုရှ နှင့် ဆွီဒင် နိုင်ငံများမှ လည်းဝင်ရောက် ကြည့်ရှု့ ကြရာ ကမ္ဘာ
တစ်ဝှမ်း ကိုရီးယား ပေါ့ဂီတ လွှမ်းမိုးမှု ကြီးထွားလာပုံနှင့် Super Junior အ
ဖွဲ့  ကျော်ကြားလာပုံ ကိုဖေါ်ပြနေခြင်းဖြစ်သည်။
ပြီးခဲ့သော သီတင်းပါတ် အတွင်းကလည်း တပါတ်အတွင်း သီချင်း Album
နှစ်သိန်းကျော် ရောင်းချခဲ့ ရသောကြောင့် တောင်ကိုရီးယား ဂီတရုပ်သံ
အစီအစဉ်များ ဖြစ်သော Music Bank နှင့် Inkigayo တို့ မှ ဂုဏ်ပြုဆုများ
ရရှိခဲ့ သော Super Junior အဖွဲ့ သည် ဇူလိုင်လ အတွက်သာမက
၂၀၁၀ ခုနှစ်အတွက် အလားအလာကောင်းများ များစွာရှိသည်ဟု
သိရသည်။
Youtube တွင်လွှင့်တင်ထားသော Super Junior ၏ No other ဗီဒီယိုသီချင်း
Subscribe to:
Posts (Atom)