img.emoticon { padding: 0; margin: 0; border: 0; }
Showing posts with label ကိုရီးယားသတင်း. Show all posts
Showing posts with label ကိုရီးယားသတင်း. Show all posts

မြောက်ကိုရီးယားမှ တိုက်ခိုက်လျှင် လေကြောင်း တိုက်ခိုက်မှုဖြင့် တုန့်ပြန်မည်။

တောင်ကိုရီးယား၏ ကာကွယ်ရေး ဝန်ကြီးအသစ်အဖြစ် ရွေးချယ်ခံထားရသော
ဗိုလ်ချုပ်ကြီးဟောင်း ကင်ကွမ်းဂျင်း (Kim Kwan-jin) က ပြောကြားသည်မှာ
မြောက်ကိုရီးယားမှ နောက်တစ်ကြိမ်တိုက်ခိုက်ပါက လေကြောင်းမှ တိုက်ခိုက်
မှုဖြင့် တုန့်ပြန်မည် ဟုပြောသည်။

မစ္စတာကင် (Mr Kim) သည် သူ၏ရာထူးအား အတည်ပြုမည့် ကြားနာမှုတွင်
မြောက်ကိုရီးယားမှ နောက်တစ်ကြိမ် တိုက်ခိုက်ပါက မည်သို့ တုန့်ပြန်မည်နည်းဟု
မေးသော မေးခွန်းအား ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။ နိုဝင်ဘာလ ၂၃ ရက်နေ့
တွင် တောင်ကိုရီးယား မရီန်း (Marine) နှစ်ယောက်နှင့် အရပ်သားနှစ်ယောက်
သေဆုံးခဲ့သော ယုံပြောင် (Yeonpyeong) ကျွန်းအား မြောက်ကိုရီးယားမှ အမြောက်
ဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းသည် ဒေသတွင်းတွင် တင်းမာမှု တိုးလာခဲ့စေသည်။
မြောက်ကိုရီးယားသည် နောက်ထပ်တိုက်ခိုက်မည့် အလားအလာရှိသည်ဟု တောင်
ကိုရီးယား၏ ထောက်လှမ်းရေး အကြီးအကဲက ပြောကြားသည်။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ဝီကီလိပိုင်ရှင်အား ဖမ်းဆီးရန် အင်တာပို ၀ရမ်းထုတ်

ဝီကီလိအင်တာနက် ၀က်ဘ်ဆိုက်တွင် အမေရိကန်နိုင်ငံ၏ အီရတ်စစ်ပွဲနှင့် ပတ်
သက်သော ထိပ်တန်းလျှို့ဝှက် စာရင်းဝင် စာချုပ်စာတမ်း လေးသိန်းခန့်ကို ထုတ်
ဖော်ပြသခဲ့သည်။

ထို့ပြင် ဇူလိုင်လကလည်း အာဖဂန်စစ်ပွဲနှင့် ပတ်သက်၍ လျှို့ဝှက်ဖိုင်ပေါင်း ၇၇၀၀၀
ကို ခွင့်ပြုချက် မရှိဘဲ ဖော်ပြခဲ့သည်။ ယခု နောက်အကျဆုံး အနေဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လျှို့ဝှက်စာရွက် စာတမ်းများကို ဖော်ထုတ်တင်ပြခဲ့သည်။

၎င်းဝက်ဘ်ဆိုက်ကို တည်ထောင်ထားသူသည် အသက် ၃၉ နှစ်အရွယ်ရှိ သြစတြေး
လျနိုင်ငံသား အာဆန်ဂီးဆိုသူဖြစ်သည်။ ၄င်း၏ဆာဗာများကို ဆွီဒင်နိုင်ငံတွင် ထားရှိ
သဖြင့် ဆွီဒင်နိုင်ငံတွင် နေထိုင်ခွင့်ပြုရန် လျှောက်ထားခဲ့သည်။ ယင်းသို့နေထိုင်စဉ်အ
တွင်း အင်ကိုပင်းမြို့နှင့် စတော့ဟုမ်းမြို့တို့မှ အမျိုးသမီးနှစ်ဦးအား အတင်းအဓမ္မ ပြု
ကျင့်ခဲ့ကြောင့် တိုင်ကြားခံခဲ့ရသည်။

ထို့ကြောင့် ဆွီဒင်အစိုးရက ယင်းအမှုနှင့်ပတ်သက်၍ အာဆန်ဂီးအား ဖမ်းဝရမ်း ထုတ်
ခဲ့သည်။ အာဆန်ဂီးမှာ တိမ်းရှောင်လျက်ရှိသည်။ အခုတစ်ဖန် ပြင်သစ်အခြေစိုက် နိုင်
ငံတကာ ရဲတပ်ဖွဲ့က အာဆန်ဂီးအား ဖမ်းဆီးရန် ထပ်မံ၍ အမိန့်ထုတ်ပြန်ခဲ့သည်။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

မြောက်ကိုရီးယားတို့ ထပ်မံတိုက်ခိုက်လာနိုင်ကြောင်း တောင်ကိုရီးယားပြောကြား




မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် ထပ်မံတိုက်ခိုက်လာဖွယ် ရှိကြောင်း တောင်ကိုရီးယား
ထောက်လှမ်းရေး အေဂျင်စီဥက္ကဋ္ဌက ဒီဇင်ဘာ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

အမျိုးသားထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူး ၀မ်ဆေဟွန်းက ပါလီမန်တွင် ''
မြောက်ကိုရီးယားက ထပ်တိုက်လာဖို့ ဖြစ်နိုင်ခြေ များပါတယ်''ဟု ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၁ ရက်နေ့တွင် တောင်ကိုရီးယားနှင့် အမေရိကန် စစ်ရေးလေ့ကျင့်မှု ပြီးဆုံး
ခဲ့ပြီးနောက် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်တေယန်က မြောက်ကိုရီးယား
တို့ နောက်တစ်ကြိမ် ရန်စတိုက်ခိုက်လာနိုင်ကြောင်း သတိပေး ပြောကြားထားသည်။

တောင်ကိုရီးယားနှင့် အမေရိကန် စစ်ရေးလေ့ကျင့်မှုများ ထပ်မံဆောင်ရွက်ရန် စီစဉ်နေ
ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် မြောက်ကိုရီးယား တိုက်ခိုက်လာနိုင်မှုနှင့်
ပတ်သက်သည့် မှတ်ချက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် မြောက်ကိုရီးယား
နှင့် ဖြစ်ပွားနေသော လက်ရှိ အကျပ်အတည်းသည် အဆိုးဆုံး အခြေအနေကို ကျော်
လွန်သွားပြီ ဖြစ်ကြောင်း တောင်ကိုရီးယား အဆင့်မြင့် တာဝန်ရှိသူအချို့က ပြောကြား
ခဲ့သည်။ တောင်ကိုရီးယား အနောက်ဘက် ကမ်းရိုးတန်းတွင် အမေရိကန်နှင့် စစ်ရေး
လေ့ကျင့်မှု အသစ်များ ဆောင်ရွက်ရန် စီစဉ်နေကြောင်း တောင်ကိုရီးယား စစ်ဦးစီးချုပ်
ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ဘီဘီစီ က ဖော်ပြခဲ့သည်။

တစ်ချိန်တည်းမှာပင် အမေရိကန် ရေတပ်သည် ဂျပန်မှ တောင်ကိုရီးယားသို့ ဂျက်လေ
ယာဉ်လောင်စာ တန် ၃၀ç၀၀၀ ခန့် ရွှေ့ပြောင်းရန် အလတ်စား ရေနံတင်သင်္ဘောတစ်
စင်း ရှာဖွေနေကြောင်း ရေနံကုန်သည်များက ပြောကြားခဲ့သည်။ တောင်ကိုရီးယားတွင်
အမေရိကန် တပ်ဖွဲ့ဝင် ၃၀၀၀၀ နီးပါး တပ်စွဲထားသည်။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

တိလောကမုနိ ဗုဒ္ဓပူဇနိယ ပွဲတော်




မြန်မာအသင်းကိုရီးယား၏ ၁၂ ကြိမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိယ ပွဲတော်
ကို ၂၀၁၀ စက်တင်ဘာလ ၂၂ ရက်နေ့ တွင် ဘူချောန်းမြို့  ဆော့ဂွမ်စာ ကျောင်း
တိုက်အတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ ပါသည်။

အဆိုပါပွဲသို့  ကိုရီးယားနိုင်ငံအတွင်းရှိ အဖွဲ့ အစည်းများစုံလင်စွာ ပူးပေါင်းပါဝင်တက်
ရောက်ခဲ့ ကြပြီး မြန်မာ့ရိုးရာ အစားအစာများကိုလည်း စုံလင်စွာ ကြွေးမွေးလှူဒါန်းခဲ့ 
ကြပါသည်။




>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

LAZY CLUB ( Live In Korea ) 2010

စက်တင်ဘာ ၂၁ ရက်နေ့ တွင် တောင်ကိုရီးယားနိုင်ငံ ဘူချောင်န်း ပြည်သူ့ ခန်းမ
( BUCHEON CITIZEN HALL ) တွင် ကျင်းပခဲ့ သည့် ကိုရီးယားနိုင်ငံ ထေရဝါဒ
ဗုဒ္ဓဘာသာ ပြန့် ပွါးရေး ရန်ပုံငွေရရှိရေး lazy club live in korea 2010 မြန်မာအ
ထူး ဂီတပွဲတော်ကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ ပါသည်။



>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

Google မှ Gmail ဖြင့် အခမဲ့  ဖုန်းခေါ်နိုင်ပြီ

အင်တာနက် အင်အားကြီး ကုမ္ပဏီ Google သည် သြဂုတ်လ ၂၅ ရက်နေ့မှ
စတင်၍ ၎င်း၏ Gmail စနစ်အတွင်း ဖုန်းခေါ်ဆိုနိုင်သည့် ဝန်ဆောင်မှုကို ထည့်
သွင်းခဲ့ရာ ယူအက်စ် နှင့် ကနေဒါ နိုင်ငံများရှိ ဖုန်းများသို့ အခမဲ့ ခေါ်ဆိုနိုင်ပြီး
ကျန်ကမ္ဘာ့နိုင်ငံများသို့ အလွန်သက်သာသော နှုန်းထားဖြင့် ခေါ်ဆိုနိုင်ပြီဖြစ်
ကြောင်း သိရသည်။

Gmail အတွင်းရှိ ဗီဒိယို ဆက်သွယ်ပြောဆိုမှု ကဲ့သို့ပင် ယခု အသစ်ထည့်သွင်း
လိုက်သော ဖုန်းခေါ်ဆိုမှုကို Chat window မှတစ်ဆင့် ပြုလုပ်နိုင်ပြီး voice
cancellation နည်းပညာကို အသုံးပြု ထားသောကြောင့် အသံပဲ့တင်ထပ်ခြင်း
ကို အနည်းဆုံ လျော့ချနိုင်ပြီး ကြည့်လင်ပြတ်သားစွာ ပြောဆိုနိုင်ကြောင်း
သိရသည်။




အသုံးပြုသူများသည် အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါ နိုင်ငံများသို့
အခမဲ့ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်ပြီး ကျန်ကမ္ဘာ့နိုင်ငံများသို့ ခေါ်ဆိုပါက
အခကြေးငွေ ပေးဆောင်ရမည် ဖြစ်ကာ စမ်းသပ် အသုံးပြုနိုင်ရန် Gmail
အကောင့် တစ်ခုလျင် Credit အဖြစ် 0.10 ဒေါ်လာ ထည့်သွင်းပေး
ထားသည်။



သို့သော် Google၏ နိုင်ငံတကာ ဖုန်းခေါ်ဆိုခ နှုန်းထားများမှာ သက်သာ
ပြီး Skype ကဲ့သို့သော အခြား VoIP ဝန်ဆောင်မှုများအား ၎င်း၏သက်
သာသည့် ခေါ်ဆိုခနှုန်းများဖြင့် ယှဉ်ပြိုင်သွားဖွယ်ရှိသည်။




Google ၏ နိုင်ငံတကာ တယ်လီဖုန်း ဝန်ဆောင်မှုကို အသုံးပြုလိုသော
သူများအနေဖြင့် Google Checkout စနစ်မှတစ်ဆင့် calling credit
များဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ကမ္ဘာ့ အကြီးဆုံး သုံးဘက်မြင် ရုပ်ကြွ 3D-TV




ကိုရီးယား အီလက်ထရွန်းနစ် ကုမ္ပဏီဆမ်ဆောင်း(Sam sung)သည် သြဂုတ်လ
(၁၁)ရက်နေ့ က ကမ္ဘာ့ အကြီးဆုံးသုံးဘက်မြင် ရုပ်ကြွ ရုပ်မြင်သံကြားစက်
(3D LED TV )ကို နယူးယောက်မြို့ တော်တွင် မိတ်ဆက်ပြသခဲ့သည်။

ထိုထောင့်ဖြတ် ၆၅ လက်မအရွယ်ရှိ 3D LED TV မှာ full HD အရည်အသွေးမြင့်
သုံးဘက်မြင်ပုံရိပ်များ ပြသနိုင်ပြီး The Samsung Experience Store တွင် မိတ်
ဆက်ပြသခဲ့ ခင်းဖြစ်သည်။

္ဒ" ပိုကြီးတဲ့ မျက်နှာပြင်မှာ ပိုပြီးအသေးစိတ်ကြတဲ့  3D ပုံရိပ်တွေကို မြင်တွေ့ ရမှာပါ။
ပိုကြီးတဲ့ ဖန်သားပြင်ကို ဖန်တီးရခြင်းရဲ့  အဓိကအချက်က ပိုတိကြပြတ်သားတဲ့ 
ပုံရိပ်တွေပြသဖို့ ပါပဲ "

ဟု samsung ၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဆိုပါသည်။ ယခု 3D LED TV သည်
samsung၏ မြောက်အမေရိက ဈေးကွက်အတွက် လက်မ ၄၀ မှ လက်မ ၆၀ ကျော်
3D LED TV လိုင်းသို့ နောက်ဆုံး ဝင်ရောက်လာသော မော်ဒယ်ဖြစ်သည်။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

တောင်ကိုရီးယားနိုင်ငံသည်အမျိုးသမီးများသတ်သေမှုအမြင့်ဆုံး




တောင်ကိုရီးယားနိုင်ငံတွင် တနှစ်လျှင် ကိုရီးယားအမျိုးသမီး 100,000 တွင် 18.7 ဦး
မိမိကိုယ်ကို သတ်သေကြပြီး ( OECD) အသင်းဝင်နိုင်ငံများတွင် အမျိုးသမီးများ သတ်
သေမှုအမြင့်ဆုံး ဖြစ်ကြောင်း ကိုရီးယား စာရင်းအင်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနမှ
နောက်ဆုံး ထုတ်ပြန်သော စာရင်းများအရ သိရသည်။
>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

တောင်ကိုရီးယားဝဘ်ဆိုက်များ DDOS နည်းဖြင့်တိုက်ခိုက်ခံရ

တောင်ကိုရီးယားနိုင်ငံတွင် သမ္မတရုံးတော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်
အပါအဝင် တောင်ကိုရီးယား အစိုးရ၏ တရားဝင် ဝဘ်ဆိုက်များ ပုဂ္ဂလိက ဘဏ်များ
၏ ဝဘ်ဆိုက်များ ဗုဒ္ဓဟူးနေ့  ညနေပိုင်းက တိုက်ခိုက်ခံခဲ့ ရသည်ဟု နိုင်ငံပိုင် တယ်
လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းမှ ပြောကြားသည်။


နိုင်ငံပိုင် Korea Communications Commission (KCC) ၏ ပြောကြားချက်
အရ သမ္မတရုံးတော် ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန အပြင်
ပုဂ္ဂလိက အဖွဲ့ အစည်းများဖြစ်သော အင်တာနက်ရှာဖွေရေး ဦးဆောင်ကော်
မတီ Naver ၊ Nonghyupဘဏ် နှင့် Korea Exchange ဘဏ်တို့ ၏ ဝဘ်ဆိုက်
များလည်း distributed denial of service ( DDOS) ဟု ခေါ်ဆိုသော ဝဘ်
ဆိုက်တစ်ခုလုံး လုပ်ဆောင်ချက်များ ရပ်တန့် သွားအောင် တိုက်ခိုက်သည့်
(DDOS) တိုက်ခိုက်နည်းဖြင့် ဗုဒ္ဓဟူးနေ့ ညနေ (၆) နာရီခန့် က တိုက်ခိုက်
ခံခဲ့ ရခြင်းဖြစ်ကြောင်း သိရသည်။

အရေးပေါ် တန်ပြန်ရေး အစီအမံများ ဆောင်ရွက်ခဲ့ ပြီး ပျက်ဆီးဆုံးရှုံးမှုတန်ဘိုး မသိ
ရသေးကြောင်း (KCC) က ပြောပါသည်။ ယ္ခုတိုက်ခိုက်မှုသည် လွန်ခဲ့ သောနှစ်က DD
OS နည်းဖြင့် ဝဘ်ဆိုက်ပေါင်း ၂၅ ခု အထိ ရပ်ဆိုင်းသွားအောင် အကြီးအကျယ်တိုက်
ခိုက်မှုကြီး ကြုံခဲ့ ပြီးနောက် တစ်နှစ်အကြာတွင် ဖြစ်ပေါ်ခဲ့ ခြင်းဖြစ်သည်။


ိ DDOSနည်းဖြင့် ဝဘ်ဆိုက်တစ်ခုအား ဝိုင်းတိုက်ခိုက်ပုံ

KCC ၏ ပြောကြားချက်အရ ယခုတိုက်ခိုက်မှုများမှာ ယမန်နှစ်က ကြုံခဲ့ သော တိုက်
ခိုက်မှုနှင့် နှိုင်းယှဉ်လျှင် အဆင့်နိမ့် ပြီး ကြီးကြီးမားမား ဒုက္ခဖြစ်နိုင်သည့် အခြေအ
နေမရှိကြောင်း ၊ အစိုးရဌာနများ အနေဖြင့် ၎င်းတို့ ၏ ဝဘ်ဆိုက်များကို ပုံတူကူးယူ
ကာ ဖြစ်လာနိုင်သော အရေးပေါ်ကိစ္စများအတွက် ကြိုတင် ပြင်ဆင်ပြီးဖြစ်ကြောင်း
လတ်တလော အနေဖြင့် တိုက်ခိုက်သည့် မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေး နေဆဲ ဖြစ်
ကြောင်း သိရသည်။
>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

လူတစ်သန်းကျော် ကြည့်ရှု့ သည့် Super Junior အဖွဲ့ 



ဇူလိုင်လ(၇)ရက်နေ့ ကထွက်ရှိသော တောင်ကိုရီးယား လူငယ်အဆိုတော် အဖွဲ့ 
SUPER JUNIOR ၏ No Other သီချင်းဗီဒီယို အသစ်ကို နှစ်သက် သဘောကျသူ
အထူးများပြားပြီး စတင်လွှင့်တင်သည့် ရက်မှ(၆)ရက် အတွင်း နာမည်ကျော်
ဗီဒီယိုရှယ်ယာဆိုက် Youtube တွင် ဝင်ရောက်ကြည့်ရှု့ သူ ၁.၂ သန်းကျော် ရှိလာ
ပြီး ကြည့်ရှု့ သူ အရေအတွက် ဆက်လက် တိုးတက်လျှက် ရှိသည်။


ထိုသီချင်း ဗီဒီယိုသည် ကြည့်ရှု့ သူများရုံသာမက ဝေဖန်ဆွေးနွေးမှုအများဆုံး ၊
နှစ်သက်သူအများဆုံးအဆင့်များဖြစ်သည့် Most Discussed ၊ Top Favorited
နှင့် Top Rated စသော Youtube ဆိုက်ပေါ်မှ အဆင့် သတ်မှတ်ချက်များ တွင်
လည်း ထိပ်ဆုံးရောက်လျှက်ရှိသည်။


Super Junior အဖွဲ့ ဝင်(၁၀)ဦး

No Other သီချင်းဗီဒီယို အသစ်ကို ကိုရီးယားနိုင်ငံသာမက ဂျပန် ၊ တိုင်ဝမ် ၊
တရုပ် ၊ ဟောင်ကောင် ၊ပြင်သစ် ၊ အီတလီ ၊ နယ်သာလန် ၊ ပိုလန် ၊ ဘရာဇီး ၊
ကနေဒါ ၊ ရုရှ နှင့် ဆွီဒင် နိုင်ငံများမှ လည်းဝင်ရောက် ကြည့်ရှု့ ကြရာ ကမ္ဘာ
တစ်ဝှမ်း ကိုရီးယား ပေါ့ဂီတ လွှမ်းမိုးမှု ကြီးထွားလာပုံနှင့် Super Junior အ
ဖွဲ့  ကျော်ကြားလာပုံ ကိုဖေါ်ပြနေခြင်းဖြစ်သည်။

ပြီးခဲ့သော သီတင်းပါတ် အတွင်းကလည်း တပါတ်အတွင်း သီချင်း Album
နှစ်သိန်းကျော် ရောင်းချခဲ့ ရသောကြောင့် တောင်ကိုရီးယား ဂီတရုပ်သံ
အစီအစဉ်များ ဖြစ်သော Music Bank နှင့် Inkigayo တို့ မှ ဂုဏ်ပြုဆုများ
ရရှိခဲ့ သော Super Junior အဖွဲ့ သည် ဇူလိုင်လ အတွက်သာမက
၂၀၁၀ ခုနှစ်အတွက် အလားအလာကောင်းများ များစွာရှိသည်ဟု
သိရသည်။


Youtube တွင်လွှင့်တင်ထားသော Super Junior ၏ No other ဗီဒီယိုသီချင်း
>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ဆလိုင်းတင်မောင်ဦးအောက်မေ့ဖွယ်အခမ်းအနား

မဆလအစိုးရရဲ့  ကြိုးပေးသတ်ဖြတ်ခြင်းခံခဲ့ရသူ ကျောင်းသားခေါင်းဆောင် ဆလိုင်း
တင်မောင်ဦး ကွယ်လွန်ခြင်း ၃၄ နှစ်ပြည့်အမှတ်တရနှင့် နအဖအစိုးရ၏ ပြည်သူလူ
ထုအပေါ် မတရားညှင်းဆဲ သတ်ဖြတ်မှုများကို ကန့် ကွက်ရှုံ့ ချသည့် ဆန္ဒပြပွဲတစ်ခု
ယနေ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့  နအဖသံရုံးရှေ့ တွင် ကျင်းပခဲ့ပါသည်။

အဆိုပါဆန္ဒပြပွဲကို ချင်းဒီမိုကရေစီနှင့် လူ့ အခွင့်အရေးကွန်ယက်က ဦးဆောင်ခဲ့ပြီး
မြန်မာ့ဒီမိုကရေစီအရေးကို စိတ်ဝင်စားသော တိုင်းရင်းသားညီအကိုမောင်နှမများ
က ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။

ဆလိုင်းတင်မောင်ဦးကို မဆလအစိုးရက ၁၉၄၇ ခုနှစ်တွင် ဦးသန့် အရေးအခင်း
ဦးဆောင်မှုဖြင့် ဖမ်းဆီးခဲ့ပြီး ၁၉၇၆ခုနှစ် ဇွန်လ၂၆ရက်နေ့ မှာ ကြိုးပေးသတ်ခဲ့ပါတယ်။

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးလို ဒီမိုကရေစီတိုက်ပွဲအတွင်း တိုင်း
ပြည်နှင့်လူမျိုးအတွက် အသက်ပေးသွားကြသော ကျောင်းသားကျောင်းသူများနှင့်
ရဟန်းရှင်လူများအား အသိအမှတ်ပြု၍ ဂုဏ်ယူကြောင်းနှင့် မြန်မာနိုင်ငံမှာစစ်မှန်သည့်
ဒီမိုကရေစီစနစ် ပေါ်ထွန်းလာတဲ့အထိ စစ်အာဏာရှင်စနစ်အား ကန့် ကွက်ဆန့် ကျင်
သွားမှာဖြစ်ကြောင်း ကိုရီးယားနိုင်ငံ ရောက်ချင်းတိုင်းရင်းသားများကိုယ်စား ချင်းဒီမိုက
ရေစီနှင့် လူ့ အခွင့်အရေးကွန်ယက် ဥက္ကဌ မစ္စတာဂျွန်စမစ်က ပြောကြားသွားပါတယ်။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

တောင်ကိုရီးယားမှဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ ပွဲ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅နှစ်ပြည့်မွေးနေ့ ပွဲကို
ယနေ့ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့  နိုင်ငံခြားသားအလုပ်သမားရိပ်သား၌ကျင်း
ပခဲ့ပါသည်။
အဆိုပါမွေးနေ့ ပွဲကို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ပွဲဖြစ်မြောက်ရေး
ကော်မတီမှ ကြီးမှူးကျင်းပခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေးကိုစိတ်ဝင်စားသော ကိုရီးယား
နိုင်ငံရောက် မျိုးချစ်မြန်မာနိုင်ငံသားများ၊ဒီမိုကရေစီအင်အားစုများ၊ကိုရီးယားအင်န်ဂျီအို
များနှင့်ကိုရီးယားလွှတ်တော်အမတ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ဦးအောင်ထူး၏ဥပဒေဆွေးနွေးပွဲ

မြန်မာနိုင်ငံ ရှေ့ နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူး
သည် ယနေ့  တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ရှိ အမျိုးသားဒီမိုကရေစီ
ီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲတွင်တောင်ကိုရီးယားနိုင်ငံ
ရောက်မြန်မာနိုင်ငံသားများအား "မြန်မာပြည်တွင်းက လွတ်ငြိမ်းချမ်းသာခွင့်
ရရှိနေသော အခြေအနေများ ချုပ်ငြိမ်းစေခြင်းနှင့် တိုင်းရင်းသားပြဿနာများ
ကို ဥပဒေရှုထောင့်က သုံးသပ်ခြင်း" ဟူသောခေါင်းစဉ်ဖြင့် မြန်မာပြည်ဥပ
ဒေစိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွတ်မြောက်နယ်မြေ
ကိုရီးယားဌာနခွဲက စီစဉ်ကျင်းပခဲ့ပြီး ဘားမားအက်ရှင်ကိုရီးယားအပါအ၀င်
တောင်ကိုရီးယားနိုင်ငံရောက် မျိုးချစ်မြန်မာနိုင်ငံသားများ တက်ရောက်ခဲ့ကြ
သည်။

လာမည့်ဇွန်လ(၁၇)ရက်နေ့ တွင် ဘီအယ်လ်စီ အထွေထွေအတွင်းရေးမှူး
ဦးအောင်ထူးသည် ကိုရီးယားလွှတ်တော်အမတ်များ၊ လူ့ အခွင့်အရေးကော်
မရှင်ရုံးမှတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရေးရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ 
ရှိကြောင်းလည်း သိရှိရပါသည်။

ဆွေးနွေးပွဲအပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွတ်မြောက်နယ်မြေ
ကိုရီးယားဌာနခွဲမှ ဆွေးနွေးပွဲတက်ရောက်လာသူများအား မြန်မာမုန့် ဟင်း
ခါးဖြင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။

>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

တောင်ကိုရီးယားနိုင်ငံမှလက်မှတ်ထိုးကန်ပိန်း

နအဖစစ်ခေါင်းဆောင်တို့ ကျင်းပမည့်၂၀၁၀ရွေးကောက်ပွဲအားဆန့့် ကျင်သည့်
ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတစ်ရပ်အနေဖြင့်ယနေ့ တောင်ကိုရီးယားနိုင်ငံဆိုးလ်
မြို့ဟဲဟွာဘူတာအနီးတွင်လက်မှတ်ထိုးကန်ပိန်းပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါလက်မှတ်ထိုးကန်ပိန်းအားNLDအယ်လ်အေကိုရီးယား
(လွတ်မြောက်နယ်မြေ)၊ဘားမားအက်ရှင်ကိုရီးယားနှင့်မြန်မာ့ဒီမိုကရေစီအရေး
ကိုစိတ်ဝင်စားသောမျိုးချစ်မြန်မာများကစုပေါင်း၍ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

၂၀၁၀ရွေးကောက်ပွဲအားဆန့် ကျင်သည့်အဆိုပါလက်မှတ်ထိုးကန်ပိန်းအား
(၆)လပိုင်း(၂၀)ရက်နေ့ တွင်ကျင်းပမည့်ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ ပွဲအထိပြုလုပ်သွားမှားဖြစ်ပြီးရရှိသောလက်မှတ်များအားကိုရီးယားသမ္မတ
ထံသို့ တိုက်ရိုက်ပေးပို့ သွားမှာဖြစ်ကြောင်းသိရှိရသည်။

>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>