img.emoticon { padding: 0; margin: 0; border: 0; }
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

ညထဲက သတို့ သမီး

ညဆိုတာ
မိန်းမနဲ့ ယောင်္ကျားတို့ ရဲ့ 
ခွန်အားပြည့် ရမ္မက်ခွက်ကို
မျိုးဆက်ပြန့် ပွားမှု သေရည်နဲ့ 
ဖြည့်စွက်
အိပ်မက်ပွင့်ဖူး
သောက်ကြူးကြတာဖြစ်တယ်။

ညဆိုတာ
သူအိုသူမင်းတို့ 
လေညှင်းမွှေးမွှေး
ဇီဝဆေးတွေ
အားမွေးအရည်ဖျော်
သက်ရာကျော်ဖို့ 
ပျော်ဝင်စေတာဖြစ်တယ်။

ညဆိုတာ
ဒဏ္ဍာရီ ပုံပြင်ပြော
ကလေးတို့ ပျော်မောတဲ့ 
အိပ်မက်တောဖြစ်တယ်။

ညဆိုတာ
လုလင်ပျိုရဲ့  အာရုံကြောအသစ်
အချစ်နဲ့ လှုပ်ရှား
နှလုံးသား အိပ်မက်တောင်ပေါ်
တိမ်မှောင် မည်းမည်း
လျှပ် ရဲရဲမှာ
သွားရဲ တက်ရဲ
မာန်ဟုန်ဇွဲနဲ့ 
ချစ်ပွဲခံရာဖြစ်တယ်။

ညဆိုတာ
သတို့ သားရဲ့ ခွန်အားကို
တိုးပွား သန်စွမ်းစေတဲ့ 
တောင်တန်းကြီး ဖြစ်တယ်။

ညဆိုတာ
အပျိုစင် သတို့ သမီးရဲ့ 
ချစ်မီး လျှံဝင်းနေတဲ့  မေတ္တာအိမ်ကို
တိမ်လို သိမ်မွေ့ 
လက် တပွေ့ နဲ့ 
မျိုးစေ့  စိုက်မွေး
မြေစေး ဖွာဖွာ
သား တရာရဲ့ 
မြေယာကောင်း ဖြစ်စေရဲ့  ။ ။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ကျွန်ုပ်နှင့် ခြင်များ

ငါ့ရဲ့ သွေး

ပေးလှူမယ် ကြိုက်သလောက်ယူ ၊

ကိုက်ချင်ရင် ကိုက်သာကိုက်

မရိုက်ဘူး ကိုယ့်လူ ။

ဒါနလို့ မှတ်ယူ

ကြည်ဖြူရဲ့  စိတ်ထား ၊

တဝီဝီ ဆူပါလို့ 

နားပူအောင် နှိပ်စက်ရင်တော့

စိတ်ကွက်တယ် အိပ်ပျက်တာမို့ 

သည်းခံကာ ခွင့်မလွှတ်နိုင်ဘု

သီလယိုင် ဒါနဝေးပါပေါ့

မနှေးပင် လက်သံပြောင်ပြောင်နဲ့ 

ဒီကောင်တွေ နိဗ္ဗာန်နီးအောင်

တီးလိုက်မယ် တအား ----- ။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ခေါစာပစ်မယ်

အဟံကျွန်ုပ် မှန်တာလုပ်၍

မုသား ဗလာနှင့်

သစ္စာဝါဒီ ချဲ့ ထွင်မည် ။

ဒုက္ခလှိုင်းပိုး ခံစစ်ထိုးလို့ 

သမုဒ္ဒရာဝမ်း ခြောက်ကာခမ်းခဲ့ 

ရေကြည်တစ်ပေါက် လမ်းတွင်ပျောက်

တောင့်တလေသူ တို့ ပြည်သူ ။

ထွက်ရပ်ပေါက်အသွင် သူကြိုမြင်

အဿပြာလမ်း မြော်ကာမှန်း

ပေးကမ်းစေလို NGO

အလိမ္မာလျှာ အရိုးမပါ

ပြည်ရွာကောင်းကြိုး သူသယ်ပိုးဟု

လိမ်ညာစားသောက် သစ်စ္စာဖေါက်

ဒင်းလိုလူကို ဆကျင်လျှိုလို့ 

အပိုင်းပိုင်းထစ် ခေါစာပစ် ။ ။


>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

ဖီးလ်ပဲ

ချစ်သူ .......

နင့်ရင်ခွင်ကြား

တူတူပုန်းတမ်း ကစားချင်တယ်

ဖီးလ်ပဲ ။

နင့်ဆံကေသာလေး

သန်းရှာပေးချင်တယ်

ဖီးလ်ပဲ ။

နင့်ဝက်ခြံများ

ညှစ် ကစားချင်တယ်

ဖီးလ်ပဲ ။

တစ်နေ့ တစ်မျိုးနဲ့ 

ကြိတ်ပိုးနေတယ်

ဖီးလ်ပဲ ။

မနေနိုင်လို့  ဖွင့်ပြောလိုက်မှ

မုဆိုးမတဲ့ ဗျ

ဒုက္ခ ........

ဒါလည်း ဖီးလ်ပဲ ။ ။
>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>

မေးရက်ပ

ခေတ်ရဲ့ အမြင် ရှေ့ တန်းတင်ဖို့ 

ဆံပင်ရှည်ထား စတိုင်ထွားမှ

သန်းကလာဥ ဘောက်ထုအိမ်ဖွဲ့ 

ခေါင်းနယ်ချဲ့ တာ ခံရပါ၍

စိတ်မှာခံပြင်း တဟင်းဟင်းဖြင့်

တဗျင်းဗျင်းကုတ် သည်အလုပ်ကြောင့်

ရှုပ်လှတဲ့ ဆံပင် တက်တက်ဆင်အောင်

အပြောင်ရိတ်ကာ နေလိုက်ကာမှ

နှမသက်လယ် မေးရက်တယ်လေ

ဘယ်ကျောင်းသွားပြီး ဘယ်လိုနည်းကြောင့်

ဘုန်းကြီးဝတ်ခဲ့ တာလဲတဲ့ ။ ။
>>>သိရအောင်ဆက်ဖတ်အုံးမှဘဲ>>> >>