img.emoticon { padding: 0; margin: 0; border: 0; }

မေးရက်ပ

ခေတ်ရဲ့ အမြင် ရှေ့ တန်းတင်ဖို့ 

ဆံပင်ရှည်ထား စတိုင်ထွားမှ

သန်းကလာဥ ဘောက်ထုအိမ်ဖွဲ့ 

ခေါင်းနယ်ချဲ့ တာ ခံရပါ၍

စိတ်မှာခံပြင်း တဟင်းဟင်းဖြင့်

တဗျင်းဗျင်းကုတ် သည်အလုပ်ကြောင့်

ရှုပ်လှတဲ့ ဆံပင် တက်တက်ဆင်အောင်

အပြောင်ရိတ်ကာ နေလိုက်ကာမှ

နှမသက်လယ် မေးရက်တယ်လေ

ဘယ်ကျောင်းသွားပြီး ဘယ်လိုနည်းကြောင့်

ဘုန်းကြီးဝတ်ခဲ့ တာလဲတဲ့ ။ ။

0 Response to "
မေးရက်ပ
"

Post a Comment