img.emoticon { padding: 0; margin: 0; border: 0; }

လူတစ်သန်းကျော် ကြည့်ရှု့ သည့် Super Junior အဖွဲ့ 



ဇူလိုင်လ(၇)ရက်နေ့ ကထွက်ရှိသော တောင်ကိုရီးယား လူငယ်အဆိုတော် အဖွဲ့ 
SUPER JUNIOR ၏ No Other သီချင်းဗီဒီယို အသစ်ကို နှစ်သက် သဘောကျသူ
အထူးများပြားပြီး စတင်လွှင့်တင်သည့် ရက်မှ(၆)ရက် အတွင်း နာမည်ကျော်
ဗီဒီယိုရှယ်ယာဆိုက် Youtube တွင် ဝင်ရောက်ကြည့်ရှု့ သူ ၁.၂ သန်းကျော် ရှိလာ
ပြီး ကြည့်ရှု့ သူ အရေအတွက် ဆက်လက် တိုးတက်လျှက် ရှိသည်။


ထိုသီချင်း ဗီဒီယိုသည် ကြည့်ရှု့ သူများရုံသာမက ဝေဖန်ဆွေးနွေးမှုအများဆုံး ၊
နှစ်သက်သူအများဆုံးအဆင့်များဖြစ်သည့် Most Discussed ၊ Top Favorited
နှင့် Top Rated စသော Youtube ဆိုက်ပေါ်မှ အဆင့် သတ်မှတ်ချက်များ တွင်
လည်း ထိပ်ဆုံးရောက်လျှက်ရှိသည်။


Super Junior အဖွဲ့ ဝင်(၁၀)ဦး

No Other သီချင်းဗီဒီယို အသစ်ကို ကိုရီးယားနိုင်ငံသာမက ဂျပန် ၊ တိုင်ဝမ် ၊
တရုပ် ၊ ဟောင်ကောင် ၊ပြင်သစ် ၊ အီတလီ ၊ နယ်သာလန် ၊ ပိုလန် ၊ ဘရာဇီး ၊
ကနေဒါ ၊ ရုရှ နှင့် ဆွီဒင် နိုင်ငံများမှ လည်းဝင်ရောက် ကြည့်ရှု့ ကြရာ ကမ္ဘာ
တစ်ဝှမ်း ကိုရီးယား ပေါ့ဂီတ လွှမ်းမိုးမှု ကြီးထွားလာပုံနှင့် Super Junior အ
ဖွဲ့  ကျော်ကြားလာပုံ ကိုဖေါ်ပြနေခြင်းဖြစ်သည်။

ပြီးခဲ့သော သီတင်းပါတ် အတွင်းကလည်း တပါတ်အတွင်း သီချင်း Album
နှစ်သိန်းကျော် ရောင်းချခဲ့ ရသောကြောင့် တောင်ကိုရီးယား ဂီတရုပ်သံ
အစီအစဉ်များ ဖြစ်သော Music Bank နှင့် Inkigayo တို့ မှ ဂုဏ်ပြုဆုများ
ရရှိခဲ့ သော Super Junior အဖွဲ့ သည် ဇူလိုင်လ အတွက်သာမက
၂၀၁၀ ခုနှစ်အတွက် အလားအလာကောင်းများ များစွာရှိသည်ဟု
သိရသည်။


Youtube တွင်လွှင့်တင်ထားသော Super Junior ၏ No other ဗီဒီယိုသီချင်း

0 Response to "
လူတစ်သန်းကျော် ကြည့်ရှု့ သည့် Super Junior အဖွဲ့ 
"

Post a Comment