img.emoticon { padding: 0; margin: 0; border: 0; }

ဖီးလ်ပဲ

ချစ်သူ .......

နင့်ရင်ခွင်ကြား

တူတူပုန်းတမ်း ကစားချင်တယ်

ဖီးလ်ပဲ ။

နင့်ဆံကေသာလေး

သန်းရှာပေးချင်တယ်

ဖီးလ်ပဲ ။

နင့်ဝက်ခြံများ

ညှစ် ကစားချင်တယ်

ဖီးလ်ပဲ ။

တစ်နေ့ တစ်မျိုးနဲ့ 

ကြိတ်ပိုးနေတယ်

ဖီးလ်ပဲ ။

မနေနိုင်လို့  ဖွင့်ပြောလိုက်မှ

မုဆိုးမတဲ့ ဗျ

ဒုက္ခ ........

ဒါလည်း ဖီးလ်ပဲ ။ ။

0 Response to "
ဖီးလ်ပဲ
"

Post a Comment