img.emoticon { padding: 0; margin: 0; border: 0; }

Google မှ Gmail ဖြင့် အခမဲ့  ဖုန်းခေါ်နိုင်ပြီ

အင်တာနက် အင်အားကြီး ကုမ္ပဏီ Google သည် သြဂုတ်လ ၂၅ ရက်နေ့မှ
စတင်၍ ၎င်း၏ Gmail စနစ်အတွင်း ဖုန်းခေါ်ဆိုနိုင်သည့် ဝန်ဆောင်မှုကို ထည့်
သွင်းခဲ့ရာ ယူအက်စ် နှင့် ကနေဒါ နိုင်ငံများရှိ ဖုန်းများသို့ အခမဲ့ ခေါ်ဆိုနိုင်ပြီး
ကျန်ကမ္ဘာ့နိုင်ငံများသို့ အလွန်သက်သာသော နှုန်းထားဖြင့် ခေါ်ဆိုနိုင်ပြီဖြစ်
ကြောင်း သိရသည်။

Gmail အတွင်းရှိ ဗီဒိယို ဆက်သွယ်ပြောဆိုမှု ကဲ့သို့ပင် ယခု အသစ်ထည့်သွင်း
လိုက်သော ဖုန်းခေါ်ဆိုမှုကို Chat window မှတစ်ဆင့် ပြုလုပ်နိုင်ပြီး voice
cancellation နည်းပညာကို အသုံးပြု ထားသောကြောင့် အသံပဲ့တင်ထပ်ခြင်း
ကို အနည်းဆုံ လျော့ချနိုင်ပြီး ကြည့်လင်ပြတ်သားစွာ ပြောဆိုနိုင်ကြောင်း
သိရသည်။




အသုံးပြုသူများသည် အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါ နိုင်ငံများသို့
အခမဲ့ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်ပြီး ကျန်ကမ္ဘာ့နိုင်ငံများသို့ ခေါ်ဆိုပါက
အခကြေးငွေ ပေးဆောင်ရမည် ဖြစ်ကာ စမ်းသပ် အသုံးပြုနိုင်ရန် Gmail
အကောင့် တစ်ခုလျင် Credit အဖြစ် 0.10 ဒေါ်လာ ထည့်သွင်းပေး
ထားသည်။



သို့သော် Google၏ နိုင်ငံတကာ ဖုန်းခေါ်ဆိုခ နှုန်းထားများမှာ သက်သာ
ပြီး Skype ကဲ့သို့သော အခြား VoIP ဝန်ဆောင်မှုများအား ၎င်း၏သက်
သာသည့် ခေါ်ဆိုခနှုန်းများဖြင့် ယှဉ်ပြိုင်သွားဖွယ်ရှိသည်။




Google ၏ နိုင်ငံတကာ တယ်လီဖုန်း ဝန်ဆောင်မှုကို အသုံးပြုလိုသော
သူများအနေဖြင့် Google Checkout စနစ်မှတစ်ဆင့် calling credit
များဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။


0 Response to "
Google မှ Gmail ဖြင့် အခမဲ့  ဖုန်းခေါ်နိုင်ပြီ
"

Post a Comment