img.emoticon { padding: 0; margin: 0; border: 0; }

ပြည်နယ် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်များ သတ်မှတ်




တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော် တိုင်းရင်းသားလူမျိုး
မဲဆန္ဒနယ်များကို နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်
မရှင်မှ ကြေညာချက်အမှတ် (၈၈/၂၀၁၀) ထုတ်ပြန်၍ ၂၀၁၀ ပြည့်နှစ်
သြဂုတ်လ ၁၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော် တိုင်းရင်းသား
လူမျိုး မဲဆန္ဒနယ်များ ကို ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပုဒ်မ ၈(ဃ)
နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်
ပွဲ ဥပဒေ ပုဒ်မ ၄ တို့အရ ၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေး
ကောက်ပွဲ အတွက် သတ်မှတ် ကြေညာခြင်း ဖြစ်ကြောင်း ဖေါ်ပြထားသည်။

တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် တိုင်းရင်းသား
လူမျိုး မဲဆန္ဒနယ် ဆိုသည်မှာ အဆိုပါ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်
အတွင်းတွင် နေထိုင်၍ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်(သို့မဟုတ်)
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ မရရှိသည့် နိုင်ငံတော် လူဦးရေ၏ ၀.၁
ရာခိုင်နှုန်း (လူဦးရေ ၅၇ ၀၀၀) နှင့် အထက် ရှိသော တိုင်းရင်းသားလူမျိုး
များ အတွက် သတ်မှတ်သော မဲဆန္ဒနယ် ဖြစ်သည်။

ယခုသတ်မှတ်ချက်အရ ပြည်ထောင်စု တဝန်းလုံးတွင် ချင်းပြည်နယ်မှ
အပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ တွင် တိုင်းရင်းသားလူမျိုး
မဲဆန္ဒနယ် ၂၉ ခု သတ်မှတ်ထားကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် အလိုက် တိုင်းရင်းသားလူမျိုး
မဲဆန္ဒနယ် စာရင်းမှာ အောက်ပါ အတိုင်း ဖြစ်သည်။

ကချင်ပြည်နယ်လွှတ်တော်

(၁) ဗမာ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၂) ရှမ်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၃) လီဆူး တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၄) ရဝမ် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

ကယားပြည်နယ်လွှတ်တော်

(၁) ဗမာ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

ကရင်ပြည်နယ်လွှတ်တော်

(၁) ဗမာ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၂) မွန် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၃) ပအိုဝ်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်

(၁) ရှမ်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၂) ချင်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်

(၁) ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

ပဲခူးတိုင်းဒေသကြီးလွှတ်တော်

(၁) ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

မကွေးတိုင်းဒေသကြီးလွှတ်တော်

(၁) ချင်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

မန္တလေးတိုင်းဒေသကြီးလွှတ်တော်

(၁) ရှမ်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

မွန်ပြည်နယ်လွှတ်တော်

(၁) ဗမာ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၂) ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၃) ပအိုဝ်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

ရခိုင်ပြည်နယ်လွှတ်တော်

(၁) ချင်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်

(၁) ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၂) ရခိုင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

ရှမ်းပြည်နယ်လွှတ်တော်

(၁) ဗမာ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၂) ကချင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၃) လီဆူး တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၄) လားဟူ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၅) အင်းသား တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၆) အာခါ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၇) ကယန်း(ခ)ပဒေါင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်

(၁) ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

(၂) ရခိုင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်

၎င်းမဲဆန္ဒနယ် အသီးသီး၏ မဲဆန္ဒနယ် အကျယ်အဝန်းမှာ သက်ဆိုင်ရာ
ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး တစ်ခုလုံး ဖြစ်သည်။ ဥပမာ – ဧရာ
ဝတီတိုင်းဒေသကြီး ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် အတွက်
ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းသည် ဧရာဝတီတိုင်း တစ်ခုလုံးရှိ
ကရင်တိုင်းရင်းသားလူမျိုးများ၏ မဲဆန္ဒဖြင့် အဆုံးအဖြတ် ခံယူရမည်
ဖြစ်သည်။

အဆိုပါ မဲဆန္ဒနယ်အတွက် မဲပေးပိုင်ခွင့်ရှိသော တိုင်းရင်းသားလူမျိုး
များသည် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ ကျင်းပမည့်
နိုဝင်ဘာလ ၇ ရက်နေ့တွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အတွက်
(၁)မဲ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အတွက် (၁)မဲ၊ တိုင်းဒေသကြီး
(သို့မဟုတ်) ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အတွက် (၁)မဲ အပြင်
၎င်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် အတွက် (၁)မဲ၊ စုစုပေါင်း (၄)မဲ
ပေးရမည် ဖြစ်သည်။ ဥပမာ – ဧရာဝတီတိုင်းဒေသကြီးရှိ ဗမာတိုင်း
ရင်းသားလူမျိုးများသည် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်
နှင့် တိုင်းဒေသကြီးလွှတ်တော် များအတွက် မဲ (၃)မဲ ပေးရမည် ဖြစ်
ပြီး၊ ကရင် နှင့် ရခိုင် တိုင်းရင်းသားလူမျိုးများသည် လွှတ်တော် ၃ မဲ
(၃)မဲ အပြင် တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒ
နယ် အတွက်ပါ ကိုယ်စားလှယ်လောင်း ရွေးချယ်ပေးရမည် ဖြစ်ပြီး
စုစုပေါင်း မဲ (၄)မဲ ပေးရမည် ဖြစ်သည်။

0 Response to "ပြည်နယ် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်များ သတ်မှတ်"

Post a Comment